ပုဏ္ဏားကျွန်းတွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ပုဏ္ဏားကျွန်းတွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာမှ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ ၅ ရက်နံနက် ၇ နာရီကျော်အချိန်ခန့်က မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ မမေစိုး(၁၈)နှစ်ဖြစ်ပြီး ထိုနေ့ နံနက်ပိုင်းက ကျေးရွာမှတခြားအမျိုးသမီး ၇ ဦးနှင့်အတူ မျှစ်ချိုး သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ဦးလေးဖြစ်သူ ဦးမောင်လှချေကပြောသည်။

“မျှစ်ချိုးမယ်ဆိုပြီး ရွာကအဖော်တွေနဲ့သွားတာ။ ရွာကထွက်သွားပြီး မိနစ်၂၀ လောက်ပဲကြာတယ်။ အဲဒီအချိန်မှာ မိုင်းနင်းမိတယ်။ ကျွန်တော်တို့သွားကြည့်အခါ မြေတွေဖုံးပြီးဖြစ်နေတယ်။ လူသုံးလေးယောက်ဆွဲထူရတယ်။ သူတစ်ယောက်ဘဲ ဒဏ်ရာရသွားတာ” ဟု ဦးမောင်လှချေက ဆိုသည်။

ယင်းသို့ မိုင်းနင်မိမှုကြောင့် မမေစိုးမှာ ညာဖက်ခြေသလုံးပြတ်သွားပြီး ဘယ်ဖက်ဒူးကြွေမွသွားသည့်အထိ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

လက်ရှိမှာ မမေစိုးတွင် ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိနေသည်။

ဗုဒ္ဓေါကျေးရွာတွင် အိမ်ခြေတစ်ရာခန့်ရှိပြီး ယင်းကျေးရွာမှ ဒေသခံများမှာတောတောင်များကို မှီခိုကာလုပ်ကိုင် စားသောက်နေကြသူများဖြစ်သည်။

ယခုကဲ့သို့ မိုင်းမိဖြစ်စဉ်များရှိလာသဖြင့် ဒေသခံကျေးရွာသားများမှာ တောတောင်များကို သွားရောက်ရန်စိုးရိမ် မှုများရှိနေကြသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသားကျေးရွာမှ ဒေသခံနှစ်ဦးမှာ တောင်ပေါ်သို့ ထင်းခုတ်သွားစဉ် မိုင်းနင်မိခဲ့သဖြင့် နှစ်ဦးစလုံးမှာ ဘယ်ဖက်ခြေထောက်ပြတ်သွားတဲ့အထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲအကျိုးဆက်အဖြစ် မိုင်းထိမှန်မှု၊ ကျည်ထိမှန်မှုတို့ကြောင့် ပြီးခဲ့သည့်သြဂုတ်လအတွင်းက အရပ်သား ၉ ဦးသေဆုံးကာ ဒဏ်ရာ ရရှိသူ ၃၀ ဦးအထိ ရှိခဲသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...