COVID-19 သတင်းအချက်အလက်ရရှိရန် ခက်ခဲနေသည့် ရခိုင်ကစစ်ဘေးရှောင်စခန်းများသို့ ရေဒီယိုများဖြန့်ဝေ ပေးသွားမည်

COVID-19 သတင်းအချက်အလက်ရရှိရန် ခက်ခဲနေသည့် ရခိုင်ကစစ်ဘေးရှောင်စခန်းများသို့ ရေဒီယိုများဖြန့်ဝေ ပေးသွားမည်

မြတ်ဆွေ — ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 သတင်းအချက်အလက်များ ရရှိရန်အခက်အခဲဖြစ်နေသော မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် သတင်းအချက်အလက်သိရှိနိုင်ရန်အတွက် ရေဒီယိုများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ သတင်းအချက်အလက်များကို သိရှိရန် အရေးကြီးကြောင်း ၎င်းကဆိုသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းမှမြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရမှ အင်တာနက် လိုင်းများကို 2G အဆင့်သာဖွင့်ပေးထားသည်။

အင်တာနက်လိုင်းအဆင်မပြေသဖြင့် ကိုဗစ်သတင်းအချက်အလက်များအား မသိရှိနိုင်သည့်နေရာများကို ရေဒီယိုများဖြန့်ဝေပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

“အစိုးရကနေပြီးတော့ ရခိုင်ပြည်သူလူထုတွေကို သတင်းအချက်အလက်တွေ ပိတ်ပင်ထားသလို ခံစားရတယ်။ အဲဒါကို ကျနော်တို့က ပုံစံမျိုးမျိုးနဲ့ကြိုးစားပေမယ့်လည်း မရရှိတဲ့အတွက် သတင်းအချက်အလက်ရရှိဖို့ လိုအပ်တဲ့အတွက် ဒီလို မလွှဲသာ၊ မရှောင်သာရှိတဲ့ အရာတွေနဲ့ အဆင်ပြေအောင် စစ်ဘေးရှောင်စခန်းတွေကို ကူညီရတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ယခုဖြန့်ဝေပေးမည့်ရေဒီယိုများကိုမြို့နှင့်အလှမ်းဝေပြီး သတင်းအချက်အလက်များ လုံးဝမရရှိသည့်နေရာများမှ စစ်ဘေးရှောင်စခန်းများတွင်သာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းတစ်ခုစီတွင် ရေဒီယိုဆယ်လုံးခန့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကျနော်တို့ကတော့ အခုလက်ရှိအချိန်မှာ အလုံးတစ်ရာကို မတည်ထားတယ်။ နောက်ပြီး လှူဒါန်းမှုအပေါ် မူတည်ပြီးတော့ အချိုးအစားပိုင်းဆိုင်ရာ ဖြန့်ဝေသွားမယ့် အစီအစဉ်တွေရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိမှာ အင်တာနက်လိုင်းအဆင်မပြေသဖြင့် COVID-19 သတင်းအချက်အလက်များကို မသိရှိရကြောင်း မြေပုံမြို့နယ်၊ စညင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ ကိုယ်တော်နှင်းခါးကမိန့်သည်။

“အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့အတွက် covid-19 ပတ်သက်လို့ သတင်းအချက်တွေကို မသိရဘူး။ စခန်းမှာ ရှိတဲ့ တာဝန်ခံတွေ ဖုန်းတွေနဲ့ပဲ လှမ်းပြီးမေးနေရတယ်။ လက်ရှိမှာ အစိုးရက 2G ဖွင့်ပေးထားပေမယ့် သတင်း ကြည့်လို့ မရဖြစ်နေတယ်”ဟု မိန့်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတွင် အစိုးရမှ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ကို အင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည်။

မကြာသေးမီက ယင်းမြို့နယ်များကို အစိုးရမှ အင်တာနက် 2G လိုင်းသာ ပြန်ဖွင့်ပေးခဲ့သဖြင့် သုံးစွဲ၍အဆင် မပြေဘဲ 4G ဖွင့်ပေးရန် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ပုံစာ - ကျောက်တော်မြို့ပေါ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် စစ်ဘေးရှောင်တချို့အား မေလအတွင်းက တွေ့ရစဉ်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...