မွတ်ဆလင် ၅ ဦး၏အယူခံ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ပယ်ချ

မွတ်ဆလင် ၅ ဦး၏အယူခံ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ပယ်ချ

မင်းထွန်း — ခရိုင်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပယ်ချခဲ့သည့် မွတ်ဆလင် ၅ ဦးမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်ခဲ့သော်လည်း ထပ်မံပယ်ချခံခဲ့ရသည်။

ပယ်ချခံရသည့် မွတ်ဆလင်များမှာ မောင်တောခရိုင်နှင့် စစ်တွေခရိုင်တို့မှဖြစ်ပြီး ယင်းအထဲတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် ဦးအဘူလ်ကာဟေရ် တို့ဖြစ်သည်။

“ပယ်ချလိုက်တာက ကိုယ်စားလောင်းလျှောက်တဲ့သူတွေရဲ့ မိဘတွေဟာ သူတို့သူမွေးတုန်းက နိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဆိုသည်။

ယခုပယ်ချခံရသည့် မွတ်ဆလင်များသည် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)များတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့မှာ ရွေးကောက်ပွဲဥပဒေနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)က ပယ်ချခဲ့သဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ထံ အယူခံဝင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ကလည်း ထပ်မံပယ်ချလိုက်သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံအယူခံဝင်သွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဦးအဘူလ်ကာဟေရ်က ပြောသည်။

“ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ခရိုင်ကော်မရှင်က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ ယူဆတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယူခံဝင်ဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူတို့သည်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဆင့်ထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးကျော်မင်းက DMG ကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီး ယင်းအထဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၂ ဦး ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...