ကျောက်ဖြူနှင့် သံတွဲခရိုင်တို့တွင် အေအေနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရထားသူ ၅၀ ဦးခန့်ရှိ

ကျောက်ဖြူနှင့် သံတွဲခရိုင်တို့တွင် အေအေနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရထားသူ ၅၀ ဦးခန့်ရှိ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း အေအေနှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရသူမှာ DMG က ကောက်ယူထားသည့် စာရင်း အရ လက်ရှိအချိန်ထိ ၅၀ ဦးခန့် ရှိနေပြီဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာမှ ၂ ဦး၊ လိပ်ခမော်ကျေးရွာမှ ၁ ဦး၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး ၃ ဦး၊ စိုင်ခြုံကျေးရွာမှ ၁ ဦး၊ စိုင်ခြုံဒွိန်ကျေးရွာမှ ၈ ဦးနှင့် ဇင်ချောင်းကျေးရွာမှ ၂ ဦးတို့ဖြစ်သည်။

တောင်ကုတ်မြို့နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းပါ (၄) ဦး၊ ဆားပြင်ကျေးရွာမှ ဦးပြုံးချိုပါ ၅ ဦးနှင့် ကမာကျေးရွာမှ ၂ ဦး၊ ချက်ဖောက်ကျေးရွာမှ ၂ ဦးနှင့် လမူးမော်စံပြကျေးရွာမှ ၁ ဦးတို့ ဖြစ်ကြသည်။

အလားတူ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်ကျေးရွာမှ (၆)ဦးနှင့် အမ်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ (၁၄)တို့မှာလည်း ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံထားရသည့် ဇင်ချောင်းကျေးရွာမှ ကိုမောင်အေးနိုင်၏အစ်ကိုဖြစ်သူ ဦးသန်းနိုင်က “ကျွန်တော် ပြောချင်တာက ဥပဒေလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန်ဆုံးဖြစ်တာကိုပဲ ဖြစ်စေချင်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲမှ အချို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရပြီး အချို့မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများနှင့် အချို့မှာ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးလျက် ရှိနေကြသည်။

တပ်မတော်အနေဖြင့် ဒေသခံပြည်သူများကို သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုမည်ဆိုလျှင် တိတိကျကျ အချက်အလက်များဖြင့် စွဲဆိုသင့်ကြောင်း ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဆိုသည်။

“သံသယနဲ့ ဖမ်းမယ်ဆိုရင် သက်သေခိုင်ခိုင်မာမာနဲ့ပြ၊ ဒါဆို ဖမ်းရင်လည်း ကျနော်တို့အပြစ်မဆိုလိုဘူး။ အခုက သံသယနဲ့ဖမ်းတယ်။ ဖမ်းတဲ့ဟာတွေကလည်း ဘာမှလည်းမဟုတ်ဘဲ စာရင်းဇယားတွေ၊ နောက် ပလာယာ၊ တွေဓားတွေ အဲဒါတွေနဲ့ပတ်သက်လို့ ဖမ်းတာကတော့ မဖြစ်သင့်ဘူးလို့ကျနော်မြင်တယ်” ဟု ဦးကျော်လွင်က ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး(၃)ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့်လည်းကောင်း၊ ကပ်သပြေကျေးရွာသား ၇ ဦးနှင့် စိုင်ခြုံဒွိန်းကျေးရွာမှ ရာအိမ်မှူး ဦးလှမြင့်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)(ဈ) ၊ ၅၂(ည)တို့ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားသည်။

ယင်းအပြင် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းပါ (၄)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နှင့် ဆားပြင်ကျေးရွာမှ ဦးပြုံးချိုပါ ၅ ဦးတို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၂(က)တို့ဖြင့် တရားစွဲဆိုထားသည်။

ဆားပြင်ကျေးရွာမှ ဦးပြုံးချိုပါ ၅ ဦးတို့မှာ အမှုကိုစွဲချက်မတင်မီ သြဂုတ်လ ၁၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)ခန့်ကြာမြင့်လာနေပြီး လက်ရှိ အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ သံသဖြင့်ဖမ်းဆီးခံရသူများမှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

ပုံစာ - အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် ANP ပါတီ ဒုဥက္ကဌပါ လေးဦးအား တရားရုံးထုတ်တစ်ခုတွင် တွေ့ရစဉ်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...