မာန်အောင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီး

မာန်အောင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီး

အောင်ကောင်းဇော် - ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇွန်ပန်းချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မူလတန်း(လွန်)ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံးတို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီခန့်ကတိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းကြောင့် ယင်းသို့ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ပျက်စီးသွားသည့်စာသင်ကျောင်းမှာ ကျောင်းဖွင့်ချိန်ရောက်ရှိပါက ကျောင်းသားများစာသင်ကြားရန် အခက်တွေ့နိုင်သဖြင့် ကျောင်းဖွင့်ချိန်မတိုင်မီ ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ကျောင်းကော်မတီဝင် ဦးစံရွှေက ပြောသည်။

“စာသင်ကျောင်းခေါင်မိုးတွေ၊ ခြံစည်းရိုးတွေ ပွင့်သွားတယ်။ ဒီကျောင်းက အရင်ကတော့ ကိုယ်ထူ ကိုယ်ထလုပ်ထားတာ။ အဲဒါကိုအစိုးရက ဒီနှစ်ထဲမှာ မွမ်းမံအနေနဲ့ ပြင်ပေးထားတယ်။ ပြီးတော့ ဆရာနေတဲ့ အိမ်တစ်လုံးပါပျက်စီးသွားတယ်။ ပျက်စီးမှုအခြေအနေကို မြို့နယ်ကိုတင်ပြထားတယ်။ အစိုးရအနေနဲ့ မြန်မြန်လေး ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျောင်းတွင် ပညာသင်ကြားမည့်ကျောင်းသားများမှာ သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းသား ၃၀ ခန့်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ ၁၅ ရက် ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းနှင့် လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၄၀ အထိတိုက်ခတ်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမ်းလေယာဉ်ကွင်း အနီးရှိ ညောင်ပင်လဲကျကာ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံးပျက်စီးမှုရှိခဲ့သည်

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...