ကျောက်တော်ဒေသခံ ၄ ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်တော်ဒေသခံ ၄ ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွား

နှင်းနွယ် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာသားငါးဦးအား သြဂုတ်လ ၁၄ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များ ထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၃၅ မှ ၅၀ ကျော်အတွင်းရှိသူကြသည့် ဦးလှလှမောင်၊ ကိုသာကြီး၊ ကိုအောင်ခင်လှနှင့် ကိုသန်းအောင်ကျော်တို့ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

မွန်းလွှဲပိုင်း ၁၀ နာရီကျော်အချိန်က ကျောက်တော်ဖက်ရှိ ၃၇၆ တပ်ရင်းမှ တပ်မတော်သား ၃၀ ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ အဆိုပါရွာသား ၄ ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ ဦးလှလှမောင်၏ဇနီး ဒေါ်လှသန်းက DMG သို့ ပြောသည်။

“သူတို့(တပ်မတော်)က ရွာထဲကိုဝင်လာပြီး ရွာကစာသင်ကျောင်းမှာ ခဏနားကြပြီးတော့ ရွာထဲကအိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်တက်မွှေတယ်။ ပြီးတော့ ကိုယ့်အိမ်မှာကိုယ်နေကြတဲ့ သူတို့လေးယောက်ကို ဖမ်းခေါ် သွားတာ’’ဟု ၎င်းကပြောသည်။

ကျောက်တစ်လုံးကျေးရွာသားလေးဦးနှင့်အတူ အနီးအနားကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကိုလည်း တပ်မတော်မှ ဖမ်းဆီးသွားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ဖမ်းဆီးသွားသူများအား တပ်မတော်သားများမှ ကျောက်တော် ရွှေတလှဲကျေးရွာဖက်သို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများ၏ပြောဆိုသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “နေ့လယ်ပိုင်းလောက်ကတော့ အဲဒီရွာကဒေသခံတွေ ကျွန်တော့်ဆီကို ဖုန်းဆက်အကြောင်းကြာလာတယ်။ အစည်းအဝေးမှာဖြစ်တဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးပေမယ့် ရွာသားလေးဦး ဖမ်းဆီးခံရတာကတော့ သေချာပါတယ်’’ဟု ၎င်းကဆိုသည်။

ကျောက်တလုံးကျေးရွာသားလေးဦးအား တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တောပန်စင်းကျေးရွာမှ စံပယ်လှကျေးရွာသို့ ဆေးဝယ်ရန်သွားသူတစ်ဦးအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ဖမ်းဆီးခံရသည့် တောပန်စင်းကျေးရွာမှ ဦးအေးမောင်(၅၅ နှစ်)မှာ အေအေအဖွဲ့အတွက် ရိက္ခာနှင့် ပစ္စည်းများပို့ဆောင်ပေးခြင်းနှင့် တပ်မတော်စစ်ကြောင်းများအား မိုင်းခွဲပစ်ခတ်ခြင်းများတွင် ပါဝင်သူဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့် တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဒေသခံများဖမ်းဆီးခံရမှုမှာ တဖြည်းဖြည်းတိုးလာနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...