ပေါက်တောမှ အရပ်သားတစ်ဦး မြေပုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရ

ပေါက်တောမှ အရပ်သားတစ်ဦး မြေပုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သုံးပါတ်ချိုင်ကျေးရွာမှ အရပ်သားတစ်ဦးသည် မြေပုံမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် သြဂုတ်လ ၄ ရက်နေ့၊ နေ့လည်ပိုင်းအချိန်က ဖမ်းဆီးခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူ ကိုအောင်သိန်းထွန်း(၂၄)အပါအဝင် လူ ၅ ဦးတို့သည် မိမိကျေးရွာမှ တရုတ်နိုင်ငံသို့သွားစဉ် မြေပုံမြို့နယ် ရွာသာယာကျေးရွာအနီး တပ်မတော်ဂိတ်မှ ၎င်းတစ်ဦးတည်းကိုသာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ရှင်းပြသည်။

“ကျွန်တော်တို့ အဲဒီဂိတ်ကို သွားကြည့်တော့ သူ့ဖုန်းမှာ မသင်္ကာစရာတွေ့လို့ ခဏထိန်းသိမ်းထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ သူနဲ့တွေ့ခွင့်တောင်းတော့ တွေ့ခွင့်မပေးဘူး” ဟု ဖမ်းဆီးခံရသူ၏ ဖခင်ဖြစ်သူ ဦးမောင်လှသိန်းက ဆိုသည်။

ကိုအောင်သိန်းထွန်း ဖမ်းဆီးခံရသည်မှာ ၄ ရက်ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မတွေ့ရှိရသေးကြောင်း ၎င်းက ဆက်၍ပြောသည်။

ထိုသို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲဖြစ်ပွားနေကြသည့် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယခုသြဂုတ်လအထိ တပ်မတော်မှ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းတစ်စုံတရာမရရှိဘဲ ပျောက်ဆုံးသူဦးရေမှာ ၃၀ ဦးခန့် ရှိပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...