ရခိုင်မှရွာပေါင်း ၃၀ ကျော်တွင် မဲစာရင်းမကပ်နိုင်

ရခိုင်မှရွာပေါင်း ၃၀ ကျော်တွင် မဲစာရင်းမကပ်နိုင်

ခင်သရဖီဦး — ရခိုင်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ၅မြို့နယ်မှ ကျေးရွာပေါင်း ၃၆ ရွာတွင် ဆန္ဒမဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို မကပ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ကဆိုသည်။

ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်များရှိ ကျေးရွာအချို့တွင် လုံခြုံရေးအရ လူနေထိုင်မှုမရှိခြင်း၊ ကျေးရွာများပျက်စီးသွားခြင်းအပါအဝင် မဲစာရင်းများကို စောင့်ကြည့်သူများ မရှိတော့သည့်အတွက် မဲစာရင်းမကပ်နိုင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကပြောသည်။

“မဲစာရင်းကပ်ထားတာကို တာဝန်ခံမယ့်လူမရှိဘူး။ အဲဒီတော့ မဲစာရင်းကို ဒီတိုင်းသွားကပ်လို့မရဘူး”ဟု ၎င်း က ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)၏ သြဂုတ်လ ၄ ရက်နေ့အထိ စာရင်းအရ မဲစာရင်းတွင် နာမည်မပါရှိသဖြင့် လျှောက်ထားသူ ၃၀၅၆ ဦး၊ အမည်ထပ်ပါသည့်အတွက် ပယ်ဖျက်ပေးရန်လျှောက်ထားသူ ၁၂၇၆ ဦးနှင့် အမည်မှားယွင်းခြင်းကို ပြင်ဆင်ရန် လျှောက်ထားသူ ၃၄၆၈ ဦးရှိကြောင်း သိရသည်။

“စာရင်းအတိကျတော့ မသိသေးဘူးပေါ့။ ဒီလ ၄ ရက်နေ့ထိ စာရင်းပဲရှိသေးတယ်”ဟု ဒေါ်တင်လှိုင်က ပြောသည်။

ရခိုင်ပြည်နယ်၌ မဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး စာရင်းအရ သိရသည်။

လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ကပ်ပေးထားမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၄ ရက်နေ့ တွင် ထပ်မံ၍ ကြေညာပေးသွားမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...