ရသေ့တောင်မှ စစ်ရှောင်စခန်းအချို့တွင် အိမ်သာမလုံလောက်

ရသေ့တောင်မှ စစ်ရှောင်စခန်းအချို့တွင် အိမ်သာမလုံလောက်

ကျော်သူဌေး - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာလုံလောက်မှုမရှိသဖြင့် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ၊ တုတ်ကွေး စသည့်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်စရာဖြစ်နေကြောင်း စခန်းတာဝန် ရှိသူများထံမှ သိရသည်။

လူဦးရေ (၆၀၀)ကျော်ခိုလှုံနေသည့် စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းနှင့် လူဦးရေ (၇၀၀) ကျော် ရှိသည့် စေတီတောင်အရှေ့ စစ်ဘေးရှောင်စခန်းတို့တွင် အိမ်သာမရှိသည်မှာ ၃ လခန့်ရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံများက DMG သို့ ပြောသည်။

ယင်းစစ်ဘေးရှောင်များမှာ အိမ်သာမရှိသဖြင့် လယ်ကွင်းပြင်၊ ချောင်းကမ်းဘေးနားတို့တွင် ဖြစ်သလို မစင် စွန့်နေရကြောင်း စခန်းတာဝန်ခံ ဒေါ်မေစုလှိုင်ကပြောသည်။

“ရေစီးရေလာတွေကလည်း မသန့်ရှင်းဘူး။ အနံ့အသက်ကလည်း မကောင်းဘူး။ နေမကောင်းဖြစ်တဲ့ သူတွေလည်းရှိတယ်။ လူတွေကလည်း မိုးရာသီဆိုရင် ဝမ်းရောဂါတွေ ဖြစ်တတ်တယ်။ အိမ်သာမရှိတော့ ဖြစ်သလိုလုပ်နေရပါတယ် ” ဟု ဆိုသည်။

ထိုသို့ အဆင်ပြေမည်ထင်သည့် နေရာများတွင် မစင်စွန့်နေရခြင်းမှာ အသက်ကြီးပိုင်းနှင့် အမျိုးသမီးငယ်များ အတွက်လည်း လုံခြုံရေးအရ စိုးရိမ်နေရကြောင်း ဒေါ်မေစုလှိုင်က ဆက်ပြောသည်။

ယခုလက်ရှိ စခန်းနှစ်ခုပေါင်း အိမ်သာ (၇)လုံး စတင်ဆောက်လုပ်နေပြီဖြစ်သော်လည်း လူဦးရေများသည့်အတွက် နောက်ထပ်အိမ်သာလိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။

အဆိုပါစခန်းတွင် ရသေ့တောင်မြို့နယ်မြောက်ပိုင်းဒေသ ကျောက်တန်း၊ ထီးစွဲ၊ ရေစိုးချောင်း၊ အိုးဖောက် စသည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံများမှာ တိုက်ပွဲဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများ ဖြစ်သည်။

အလားတူ လူဦးရေ ၁၀၀ ကျော်နေထိုင်ကြသော ရွှေပါရမီဘုန်းတော်ကြီးကျောင်းရှေ့ စစ်ဘေးရှောင်စခန်းတွင်လည်း မိုးရွာသွန်းမှုကြောင့် အိမ်သာများ ပျက်စီးသွားသည့်အတွက် အိမ်သာတစ်လုံးတည်းကိုသာ အသုံးပြုနေရသည်မှာ တစ်လခန့်ကြာနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးသိန်းစိုးအောင်က ဆိုသည်။

“မိုးရွာလိုက်တာနဲ့ အိမ်သာက အကုန်လုံးပျက်စီးသွားပြီ၊ အိမ်သာသုံးရတာ အဆင်မပြေတော့ဘူး။ လူပေါင်း ၁၀၀ ကျော် အိမ်သာ တစ်လုံးတည်းမှာ တန်းစီပြီးသုံးနေရတယ်။ မြို့ပေါ်မှာဆိုတော့ တစ်ခြားနေရာလည်းမရှိဘူး” ဟု ဦးသိန်းစိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကာလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းခန့်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...