မြို့ပြင်မှ သေနတ်ပစ်ခတ်သံများကြား၍ မြောက်ဦးမြို့ထဲရှိ ရွှေဆိုင်၊ဈေးဆိုင်များပိတ်သွားခဲ့ဟုဆို

မြို့ပြင်မှ သေနတ်ပစ်ခတ်သံများကြား၍ မြောက်ဦးမြို့ထဲရှိ ရွှေဆိုင်၊ဈေးဆိုင်များပိတ်သွားခဲ့ဟုဆို

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြင် ကိုးသောင်းပုထိုးတော်ဘက်မှ သေနတ်ပစ်ခတ်သံများကြားရ၍ မြောက်ဦးမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဈေးဆိုင်ပိတ်ထားလိုက်သည်ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“ သေနတ်သံတွေက ၁၁ နာရီပတ်ဝန်းကျင်လောက်မှာ စကြားရတယ်။ မြို့ပြင် ကိုးသောင်းဘက်လောက်က ကြားရတယ်။ မြို့ပေါ်က ရွှေဆိုင်၊ ဈေးဆိုင်၊ ဖုန်းဆိုင်တွေ ပိတ်သွားတယ်။ ဈေးထဲက ဆိုင်တွေလည်း ပိတ်သွားတာပေါ့” ဟု ၎င်းဒေသခံက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွား၍ ပစ်သလား၊ မည်သည့်အတွက်ကြောင့် ပစ်သည်ကို မြို့ထဲနေသူများ အနေဖြင့်သိရှိရန် မလွယ်ကူဟု ပြောဆိုသည်။

မြောက်ဦးဒေသခံ ဦးစောဖြူသိန်းကလည်း မြို့ပြင်တွင် မိုင်းပေါက်ကွဲသည်ဟု ကြားသိရကြောင်း၊ ဈေးဆိုင်များအားလုံးပိတ်သွားကြောင်း ပြောကြားသည်။

နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ မြောက်ဦးမြို့၊ ဘီလူးကန်၊ ချင်းပျံတောဝင်ဝရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ ပထမ မိုင်းတစ်လုံးပေါက်သံကြားပါတယ်။ အဲဒီနောက် လက်နက်ငယ်တွေနဲ့ ပစ်သံကြားပါတယ်။ လက်နက်သံကြားရတာက ကျွန်မတို့နဲ့ နီးနီးလေးပါ။ မနက် ၁၁ နာရီကျော်လောက် ဖြစ်နေကြတာပါ။ ရွှေဂူတောင်အဝနားက တောင်တွေ၊ ဇောတိသာရကျောင်းနဲ့ အဖိုးရှင် ဘီလူးရှိတဲ့ စင်္ကြာမာန်အောင်အနားက တောင်တွေကနေ ပစ်နေကြတာပါ။ တိုက်ပွဲလား၊ သူတို့သက်သက် ပစ်နေကြတာလား မသိဘူး။ တစ်နာရီလောက်တော့ ကြားလိုက်ရပါတယ်” ဟု ပြောကြားသည်။

၎င်းအနီးအနားရှိ ကျေးရွာသားများမှ ရွာကထွက်ပြေးခြင်းမရှိကြောင်း၊ ကိုယ့်အိမ်ထဲတွင် ကိုယ်နေကြေကြောင်း၊ ပစ်ခတ်သံများရပ်သွားပြီး တစ်နာရီခန့်အကြာတွင် လူများသွားလာနေသည်ကိုတွေ့ရကြောင်း ၎င်းအမျိုးသမီးက ပြောကြားသည်။

မြောက်ဦးမြို့အနီးဝန်းကျင်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင်လ ၃ဝ ရက်နေ့ကလည်း မြောက်ဦးမြို့မှ ကျော်တော်ဘက်သို့ အထွက် မြောက်ဦးမြို့နှင့် အုတ်ဖော်ကန်အကြားတွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ တစ်နေ့ကုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...