ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်မှုတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လဝကအရာရှိတစ်ဦးတို့ ထိခိုက်ကျဆုံးမှုများရှိခဲ့

ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်မှုတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လဝကအရာရှိတစ်ဦးတို့ ထိခိုက်ကျဆုံးမှုများရှိခဲ့

ခိုင်ရိုးလ ၊ ကျော်မျိုးအောင် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း သြဂုတ်လ ၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် လဝကအရာရှိတစ်ဦးတို့ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အေအေက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း လဝကအရာရှိတစ်ဦး သေဆုံးသွားသည်ကိုမူ DMG မှ အတည်ပြုနိုင်ခဲ့သည်။

သေဆုံးသွားသည့် လဝကအရာရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးအဖြစ် ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်မြေရဲစခန်းတွင် တာဝန်ကျနေသည့် ဦးကျော်ဇောခိုင် ဖြစ်ကြောင်း မောင်တောခရိုင်မှ လဝကအရာရှိတစ်ဦးက ပြောသည်။

နယ်မြေလုံခြုံရေး အခြေအနေအရ မောင်တောမြို့နယ် အင်းဒင်နယ်မြေစခန်းတွင် ယာယီလာရောက်နေထိုင်နေသူ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက လဝကအရာရှိ ၅ ဦးသည် ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေစခန်းသို့ အင်းဒင်-စေတီပြင် မေယုတောင်ကျော်လမ်းမှ သွားရောက်စဉ် တိုက်ပွဲဖြစ်ပွားရာ၌ ဦးကျော်ဇောခိုင် သေဆုံးသွားခဲ့ကာ ကျန်လဝကအရာရှိ ၄ ဦးတို့မှာ အင်းဒင်စခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် လဝက အရာရှိက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော်နှင့် မွန်းလွှဲ ၂ နာရီကျော်တို့တွင် အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အေအေက နှစ်ကြိမ် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(နယ်ခြားစောင့်တပ်ဖွဲ့) စုစုပေါင်း ၂၀ ကျော်ကျဆုံးခဲ့ပြီး သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...