အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

နှင်းနွယ် - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးရှိ တပ်မတော်စစ်ဆေးရေးဂိတ်အနီးတွင် သြဂုတ်လ ၃ ရက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးငယ်တစ်ဦး သေးဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

ကဇုကိုင်းကျေးရွာမှ အသက် (၁၇)နှစ်အရွယ် မဝသုန်မှာ နံနက် ၇ နာရီခန့်က နေအိမ်နှင့် ဖာလုံခွဲခန့် ကွာဝေးသည့် ရွာအရှေ့ဘက်သို့ထွက်သွားစဉ် မိုင်းနင်းမိသည့်အတွက် ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

ထိုသို့ မိုင်းထိမှန်ခဲ့သည့် မဝသုန်အား အမ်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ လမ်းခုလတ်၌သေဆုံးသွားခဲ့ကြောင်း ကဇုကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က DMG သို့ ပြောသည်။

“ဆေးရုံရောက်တာနဲ့ ကျွန်တော့်ဆီကို အကြောင်းကြားလာတဲ့အတွက် သွားကြည့်ခဲ့တယ်။ အလောင်းကို ကျတော့ ဆေးရုံကိုရောက်တာနဲ့ စစ်ဆေးစရာရှိတာတွေစစ်ဆေးပြီးတော့ သင်္ဂြိုလ်လိုက်တယ်။ ကျွန်တော်တို့ ဘက်မှာက အခုလိုမိုင်းပေါက်ကွဲတာတွေ ပိုများလာနေတယ်။ ဒါ့ကြောင့် နောက်နောင် ဒီလိုမျိုးမဖြစ်အောင် မိုင်းအသိပညာပေးမှုတွေတော့ လုပ်ပေးသင့်တယ် ” ဟု ဦးခင်သန်းအောင်က ဆိုသည်။

ယခင်က မိုင်းပေါက်ကွဲမှုများသည် ကျေးရွာနှင့်အလှမ်းဝေးသည့် တောတောင်များတွင်သာရှိသော်လည်း လက်ရှိမှာ ရွာအနီးအနားတွင် မိုင်းပေါင်းကွဲမှုများရှိလာနေသည့်အတွက် ဒေသခံများမှာ နေအိမ်မှအပြင်သို့ ထွက်ရမည်ကိုပင် စိုးရိမ်ကြောက်လန့်နေကြသည်ဟု အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“တောတောင်ကို မှီခိုစားသောက်နေရတဲ့ လူတွေကလည်း မိုင်းကိုကြောက်ပြီး စိုက်ခင်းတွေကိုတောင် မသွားရဲကြ တော့ဘူး။ ဒီထက်ဆိုးတာက အခုဆိုရင် ကိုယ့်အိမ်နားမှာ ကိုယ်လမ်းထွက်လျှောက်တာတောင် မိုင်းနင်းမိပြီး သေရတယ်ဆိုတော့ ဒေသခံတွေအနေနဲ့ ဘယ်လောက်ထိ ကြောက်လန့်နေကြမလဲ။ စိတ်ပိုင်းဆိုင်ရာလုံခြုံ မှုတောင်မရှိကြတော့ဘူး ’’ ဟု ကိုမျိုးလွင်က ဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ကဇုကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ သောကြောင့် ကျေးရွာသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် တောတောင်၊ ယာခင်း၊ စိုက်ခင်းများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စိုးရိမ် ကြောက်လန့်နေရသည့်အတွက် စားဝတ်နေရေး ကျပ်တည်းမှုများရှိလာနေကြောင်း ဒေသခံများကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကာ ၂ နှစ်ခန့်အကြာ တိုက်ပွဲကာလအတွင်း လက်နက်ကျည်ထိမှန်ခြင်း၊ မိုင်းပေါက်ကွဲခြင်းတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများမှာ မြင့်တက်လျက်ရှိနေသည်။

ဓာတ်ပုံ - ကိုမျိုးလွင် (အမ်း)

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...