ဖက်ဒရယ်ဖော်ဆောင်ရန်အတွက် တိုင်းရင်းသား ပါတီများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး

ဖက်ဒရယ်ဖော်ဆောင်ရန်အတွက် တိုင်းရင်းသား ပါတီများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး

တိုင်းရင်းသား မိတ်ဖက် ပါတီ ၅ ခုမှ လူငယ်များက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန်အတွက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ  နော်ခုန့်က “ကျနော်တို့ အတူတူ အလုပ်လုပ်နေတာဟာ အစိုးရဖွဲ့နိုင်သော ပါတီဆိုတဲ့ဟာ မြန်မာပြည်သီးသန့် မရှိပါဘူး ဆိုတဲ့ဟာကို ကျနော်တို့က ပြချင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ မပါပဲနဲ့ အစိုးရ ဖွဲ့နိုင်တဲ့ပါတီက သီးသန့်မရှိပါဘူး။ အဲဒါကို message ပေးချင်တယ်။ ကျနော်တို့တွေ တိုင်းရင်းသားတွေ ပါလာမှသာလျှင် ၅၀ ရာခိုင်နှုန်းကျော်တဲ့ဟာ ကို ပါတီကြီးတစ်ခုခုက ရရှိမှာ ဖြစ်တယ်။” ဟု ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၊ မွန်ညီညွတ်ရေးပါတီ MUP ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP စသည့် ပါတီ ၅ ခုမှ လူငယ်များက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ  ရေးဆွဲနိုင်ရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KSPP ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်သည်ဟု KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ  နော်ခုန့်က ပြောသည်။  

“ကျနော်တို့တွေ အတူတကွ မိတ်ဖက်ပါတီများဟာ ပူးပေါင်းပြီးမှ အလုပ်လုပ်နေပါပြီဆိုတဲ့ message ကို လူထုကို သိစေချင်တယ်။ အခုက ကျနော်တို့ ပူးပေါင်းလိုက်ပြီ ဆိုတဲ့အချိန်မှာ ကျနော်တို့ဟာ အင်အားစု တစ်ခုအဖြင့် ကျနော်တို့ တည်ရှိနေပြီဆိုတဲ့ဟာကို ဖော်ပြချင်တဲ့ဟာအတွက်ကြောင့်ရယ် ဒါ ပထ မ အချက်။ နောက်ဒုတိယအချက်ကတော့ လူထုက ဒါကိုယုံကြည်အားဖြင့် ကျနော်တို့ ပြည်နယ်မှာ ကိုယ် စားပြုအဖြစ် ဖြစ်လာတဲ့ မိတ်ဖက် ၅ ပါတီပေါ့နော်။ အကုန်လုံးက ဒီလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ မဟာဗျူဟာတွေကို ကျနော်တို့ ရေးဆွဲကြမယ်ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ပြောသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP ပါတီမှ လူငယ်ကိုယ်စားလှယ် ခူးဂျိုးဇက်ကလည်း “အဓိက ၂၀၂၀ အတွက် ပါတီအောင်နိုင်ရေးကို ဘယ်လိုသွားမလဲ။ ကျနော်တို့ ဗျူဟာတွေ အမြင် ဖလှယ်တယ်ပေါ့  နော်။ ကျနော်တို့ ပါတီအချင်းချင်းပေါ့။ ကျနော်တို့ အဓိက အမြင်မတူတဲ့ အမြင်တွေကို ကျနော်တို့ လာစု  ပေါင်းပြီးတော့မှ ဖလှယ်တယ်ဆိုတော့ ကျနော်တို့ ပြည်နယ်အတွက် ကောင်းကောင်းလေး ကျနော်တို့ ပြန် အသုံးချနိုင်အောင် ဒါဖလှယ်တဲ့သဘောပါပဲ” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယခုတွေ့ဆုံ ဆွေးနွေးပွဲမှ  မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်း အနေအထား တစ်ခုကို ပြည်သူများအား သတင်းစကားပေးချင်သည့် အချက်လည်းပါသည် ဟု KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ နော်ခုန့် က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း အနေအထားအရ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် တိုင်းရင်းသားပါတီများအနေဖြင့် အတူတကွ မဟာမိတ်ဖွဲ့ကာ ပူးပေါင်း လုပ်ဆောင်ရန်လိုအပ်နေပြီး ထိုသို့လုပ်ဆောင်နိုင်မှသာ မျှော်မှန်းထားသည့် ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဟု ဆိုသည်။

KSDP ပါတီမှ ခူးဂျိုးဇက်က “ကျနော်တို့ မဟာမိတ်တွေ လုပ်နိုင်မယ် ဒီလိုသွား နိုင်မယ်ဆိုလို့ရှိရင်တော့ အ ကယ်၍များ ပြည်နယ်အသီးသီး တိုင်းအသီးသီး ဌာနေတိုင်းရင်းသားတွေ အနိုင်ရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းထားတဲ့ ကျနော်တို့ ဖက်ဒရယ်ကို ဖော်ဆောင်သွားနိုင်မယ်လို့တော့ မျှော်လင့်တောပေါ့။ ဒီ လိုတိုင်းရင်းသား လူငယ် ပါတီအသီးသီးမှ ပေါင်းစည်းထားတဲ့ ၅ ပါတီပေါ့ ဆိုတော့ ကျနော်တို့ တကယ် သွားနိုင်မယ်ဆိုလို့ရှိရင် ဒါကျနော်တို့အတွက် ဘယ်လောက်ကောင်းမလဲပေါ့နော်” ဟု ဆက် ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ COVID- 19 ရောဂါဖြစ်ပွားနေသည့်အတွက် အခက်အခဲများစွာရှိသည်ဟု တိုင်းရင်းသား ပါတီများက ဆိုသည်။

ထိုအခက်အခဲများကြောင့် တိုင်းရင်းသား ပါတီများက ၎င်းတို့ယှဉ်ပြိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသများ အလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဟာဗျူဟာချမှတ်ကာလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...