ကျောက်တော် စစ်ရှောင်စခန်းတစ်ခုမှ ကျောင်းသား(၅၀၀)ကျော် ကျောင်းတက်ရန် အခက်ကြုံနေ

ကျောက်တော် စစ်ရှောင်စခန်းတစ်ခုမှ ကျောင်းသား(၅၀၀)ကျော် ကျောင်းတက်ရန် အခက်ကြုံနေ

ဝင်းညွန့် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် KG တန်းမှ အထက်တန်းအဆင့်အထိ ကျောင်းသား/သူဦးရေ (၅၀၀) ကျော် ပညာသင်ကြားရန် အခက်အခဲကြုံနေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

လက်ရှိမှာ အဆိုပါကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားသော်လည်း တစ်စုံတစ်ရာ မထူးခြားသေးကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

“ကျနော် မြို့နယ်ပညာရေးမှူးရုံးကိုလည်း အကြောင်းကြားထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကိုလည်း စာတင်ထားတယ်။ ဒါပေမဲ့ သူတို့ဆီက တစ်ခုမှ အကြောင်းကြားလာတာ မရှိသေးဘူး။ တကယ်လို့ ကျောင်းဖွင့်လာရင် သူတို့ကျောင်းတက်ဖို့ ကျောင်းဆောင်လည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မူလတန်းနှင့် KG တန်း (၂၉၀) ဦး၊ အလယ်တန်း (၁၇၁) ဦး၊ အထက်တန်း (၄၂) ဦး၊ ကျောင်သား/သူ စုစုပေါင်း (၅၀၃) ဦးရှိပြီး ကျောင်းပြန်ဖွင့်သည့်အခါ ပညာသင်ကြားရန် အခက်အခဲရှိနေကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင် ကျောင်းသားများအားလုံးကို ပညာသင်ကြားပေးရန်အတွက် “စစ်ဘေးသင့်ကျောင်းသား/သူများ ကူညီစောင့်ရှောက်ရေးအသင်း” ကို တက်ကြွလှုပ်ရှားသူများက ယခုနှစ်မှာ ဖွဲ့စည်းခဲ့ကြသည်။ သို့သော်လည်း ငွေကြေးအခက်အခဲကြောင့် (၇) တန်းကနေ (၁၀) တန်းအထိ ကျောင်းသား/သူဦးရေ ၁၆၀ ကိုသာ စစ်တွေမြို့တွင် လက်ခံသင်ကြားပေးနိုင်ခဲ့သည်။

လက်ရှိမှာ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ကျောက်တော်မြို့နယ် တင်းမကြီး၊ အောင်သာယာ၊ ပြိုင်းတိုင်းနှင့် ပလက်ဝမြို့နယ်၊ မီးလက်ဝ စသည့် ကျေးရွာပေါင်း (၁၇) ရွာမှ စစ်ဘေးရှောင်ဦးရေ (၂၆၀၀) ကျော်ရှိပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၂) သိန်းခန့်အထိ ရှိလာနေပြီဖြစ်ကာ ယင်းအထဲတွင် ကျောင်းသား/သူ (၃၀) ရာခိုင်နှုန်းကျော် ပါဝင်နေသည်ဟု လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...