ရခိုင်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ရာ၌ လက်နက်ကိုင်အဖွဲ့အစည်းနှင့် သတင်းမီဒီယာတို့၏ ချုံခို တိုက်ခိုက်ခြင်းကို ခံနေရကြောင်း တပ်မတော်ပြော

ရခိုင်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ရာ၌ လက်နက်ကိုင်အဖွဲ့အစည်းနှင့် သတင်းမီဒီယာတို့၏ ချုံခို တိုက်ခိုက်ခြင်းကို ခံနေရကြောင်း တပ်မတော်ပြော

ရခိုင်ပြည်နယ်တွင် တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ရာ၌ လက်နက်ကိုင်အဖွဲ့အစည်းနှင့် သတင်းမီဒီယာတို့၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံနေရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် ဂရုစိုက်ပြီးဆောင်ရွက်နေရကြောင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ၎င်းကယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

“ရန်သူကတစ်မျိုး၊ မီဒီယာကတစ်မျိုး၊ တစ်ခါတလေမှာလည်း ရန်သူကချုံခိုပြီးတော့ တိုက်ခိုက်တာ မဟုတ်ဘူး၊ မီဒီယာကပါ ချုံခိုပြီးတိုက်ခိုက်သေးတာ၊ ဘယ်မီဒီယာမှ ရည်ညွန်းပြီးပြောတာမဟုတ်ဘူး။ အဲလိုမျိုးဖြစ်တဲ့အတွက်မို့ နောက်ပိုင်း ကျွန်တော်တို့ တော်တော်ဂရုစိုက်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်(AA)ကို တပ်မတော်အနေဖြင့် ထိရောက်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဆောင်ရွက်နိုင်ရန်အတွက် လုံလောက်သည့် တပ်အင်အားသုံးစွဲ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ကြေငြာခဲ့သည်။

တပ်မတော်နှင့် (AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှ စတင်ကာ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မိမိနေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ (၂)သိန်းခန့်အထိ ရှိလာနေပြီဖြစ်သည်။

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...