တရားမဝင်လာရောက်သည့် မွတ်ဆလင် ၆ ဦးအား ငွေဒဏ်နှင့် ထောင်ဒဏ်အပြစ်ပေး

တရားမဝင်လာရောက်သည့် မွတ်ဆလင် ၆ ဦးအား ငွေဒဏ်နှင့် ထောင်ဒဏ်အပြစ်ပေး

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာခဲ့ကြသည့် မောင်တောမြို့နယ်မှ မွတ်ဆလင် ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၃ ဦးတို့အား ဇူလိုင် ၂၁ ရက်နေ့က သက်ဆိုင်ရာမြို့နယ်တရားရုံးများက ငွေဒဏ်နှင့် ထောင်ဒဏ်အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တရားရုံး၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၅)ဖြင့် ငွေဒဏ် ၁ သိန်းကျပ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးတင်ထွန်းက DMG သို့ ပြောသည်။

ထို့အပြင် မောင်တောမြို့နယ်တရားရုံးတွင်လည်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လချမှတ်ခဲ့ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၈၀ ဦးခန့်ထဲမှ ပထမအသုတ်အနေဖြင့် မွတ်ဆလင် ၄၄ ဦးကို လဝကဥပဒေဖြင့် တရားစွဲတင်ခဲ့ပြီး ၂၃ ဦးအား ထောင်ဒဏ် ၆ စီလည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၁၈ ဦးအားတရားစွဲတင်ကာ ၁၃ ဦးအား ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သည်။

လက်ရှိအချိန်၌ ကျန်ရှိနေသူ ၁၄ ဦးအား အရေးယူရန်ဆောင်ရွက်လျှက်ရှိကြောင်း မောင်တောခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...