မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေ

မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့မှ မြို့ဦးဂေါင်းဆရာတော် ဦးဝဏ္ဏသာရက “ ဆရာတော်အပါအဝင် မြို့ဦးဂေါင်းစစ်ဘေးရှောင် ၃ဝ လောက် တုပ်ကွေးရောဂါဖြစ်နေတယ်။ လူကြီးတွေလည်းဖြစ်တယ်။ ကလေးတွေလည်းဖြစ်တယ်။ ရာသီ တုပ်ကွေးလို့ ပြောရမှာပေါ့။ တစ်ကြိမ်လောက်ဖျားပြီးရင် အဆစ်တွေနာကျင်ကိုက်ခဲတယ်။ အဲလိုမျိုးဖြစ်တယ်။ သိပ်အများကြီး နာကျင်ကိုက်ခဲတာမျိုးတော့ မဟုတ်ဘူး။” ဟုပြောသည်။

၎င်းမြောက်ဦးမြို့ဂေါင်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၈ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

မြောက်ဦးမြို့ လက်ကောက်ဈေးကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုလင်းနိုင်က “ကျနော်တို့ စခန်းမှာလည်း လူပေါင်း ၃ဝ ကျော်လောက်ဖျားနေကြတယ်။ ခြင်ကိုက်လို့ဖြစ်တာထင်တယ်။ ခြင်ထောင် တွေကလည်း လုံလုံလောက်လောက်မရှိဘူး။ ခြင်ထောင်အလှူရှင်တွေ နည်းတယ်။ တစ်ခြား စစ်ဘေးရှောင်စခန်းတွေလည်း ဖျားကြတာတွေ ရှိတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင် စစ်ဘေးရှောင်စခန်း ၁ဝ ခုခန့်ရှိပြီး စခန်းတိုင်းလိုလိုတွင် တုပ်ကွေးရောဂါခံစားနေရကြောင်း သိရှိရသည်။ ၎င်းအပြင် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း အဆိုပါရောဂါ ခံစားနေရသူများ ရှိနေကြောင်း စခန်းတာဝန်ခံများ၏ ပြောပြချက်အရ သိရှိရသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင်လည်း ဖျားနာနေသူများရှိကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား ဆက်သွယ်ခဲ့ရာ အဆိုပါသတင်းကို သူမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

မြောက်ဦးခရိုင်ဆေးရုံသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...