အလှူရှင်များအနေဖြင့် တိုင်းရင်းသားများကို တိုက်ရိုက်ပံ့ပိုးရန်လို (ပဒိုမန်းမန်း- EHC)

အလှူရှင်များအနေဖြင့် တိုင်းရင်းသားများကို တိုက်ရိုက်ပံ့ပိုးရန်လို (ပဒိုမန်းမန်း- EHC)

တပ်မတော်နဲ့ စစ်ရေးတင်းမာမှုရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲမှာ  ဒေသခံတွေဟာ COVID- 19 ကာလအတွင်း စားနပ်ရိက္ခာ အကြပ်အတည်း၊ ရောဂါကာကွယ် တားဆီးရေး အတွက် လိုအပ်ချက်၊ အခက်အခဲ စိန်ခေါ်မှုတွေ ဖြေရှင်းနိုင်ဖို့အတွက် ငွေကြေးအခက်အခဲ ရှိနေတယ်လို့ တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ကပြောပါတယ်။

ဗဟိုအစိုးရကနေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း တွေဆီ ပံ့ပိုးမှုတွေဟာ ထိရောက်မှုမရှိတဲ့အတွက် နိုင်ငံတကာ အလှူရှင်တွေ သက်ဆိုင်ရာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေဆီကိုပဲ တိုက်ရိုက် ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ရဲ့ အထွေထွေ အတွင်း  ရေးမှူးလည်းဖြစ် မူတြော်ခရိုင် COVID- 19 respond committee supporting Group ရဲ့ တာဝန်ရှိသူ တစ်ဦးလည်းဖြစ်တဲ့ ပဒိုမန်းမန်းကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ် မေးမြန်း  ထားပါတယ်။

သတင်းနှင့်မီဒီယာ ကွန်ရက် - နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေက အစိုးရ ဆီကိုပဲ တိုက်ရိုက်သွားတယ်ဆိုတော့ အဲဒီနိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆရာတို့ အနေနဲ့ ဘာတောင်း ဆိုချင်သလဲ။

ပဒိုမန်းမန်း - အထူးသဖြင့် အရင်က အပစ်အခတ်ရပ်စဲရေး မဆောင်ရွက်စဉ်က ကျနော်တို့ ဆောင်ရွက်ပြီးသား ဖြစ်တဲ့ Cross border aid (နယ်စပ်ဖြတ်ကျော်ကူညီမှု) တွေကို ဆက်ပြီးတော့ သွားစေချင်တယ်။ ဒီ Cross border aid ကနေ သွားနေတဲ့ အထူးသဖြင့် ဒီ Cross border aid ကနေ လာနေတဲ့ အရင်တုန်းက ဒီ Burma  Relief Center တစ်ဖွဲ့ပဲ ရပ်တည်ပြီးကျန်တယ်။ ဒါပေမယ့် Burma  Relief Center (BRC) ပေါ့ဗျား BRC ကလည်း အခု ဆို လည်း သူ့ဖက်က Funding တွေကလည်းလျှော့နည်းသွားတယ် အထူးသဖြင့် တိုင်းရင်းသား နယ်မြေတွေ ကို တိုက်ရိုက် ဆောင်ရွက်နေတာက Cross Border Aid ကို သွားနေတဲ့ Burma  Relief Center က အကြီးစားပဲ အများဆုံးပဲ ပြောရမှာပေါ့နော။ ကျန်တဲ့ဟာတွေကတော့ ဒီအစိုးရဖက်ကို ဖြတ်သွားတဲ့ သွားတဲ့ Processes ကကြာသလို ခုနက ပြောတဲ့ နိုင်ငံရေး အကန့်အသတ်နဲ့ လုံခြုံရေး အကန့်အသတ်ရယ် ဒီဟာတွေ အားလုံးမှာက ကျနော်တို့ကတော့ လက်လှမ်းမှီလို့ ရရှိနိုင်ဖို့ကတော့ တကယ်မလွယ်ကူဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတကာကို ကျနော်တို့ တောင်းဆိုချင်တာက ဒီ Cross Border Aid ကိုပဲ ဆက်ပြီးတော့မှ ထိုင်းနိုင်ငံကို ကျော် ဖြတ်တဲ့ ဆောင်ရွက်တဲ့ဟာမျိုးပေါ့နော ဒါက ကျနော်တို့ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တော့ တစ်ခြားတိုင်း ရင်းသား နယ်မြေတွေဆိုရင်လည်း တစ်ခြားနိုင်ငံနယ် စပ်ကနေပြီးတော့ ဒီ Cross Boder Aid ကို ဆက်ပြီးတော့ ပံ့ပိုးဖို့ လိုအပ်မယ်လို့ ကျနော်တို့ အဓိက တောင်းဆိုချင်ပါတယ်။

သတင်းနှင့် မီဒီယာကွန်ရက် - အဲလိုအနေအထားမှာ အစိုးရဖက်နေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အ စည်းတွေကို တစ်စုံတစ်ရာ ပြန်လည်ကူညီတာတွေရော ရှိသလားဆရာ။

ပဒိုမန်းမန်း - ကျနော်တို့ အစိုးရ Institution (အဖွဲ့အစည်း) တွေကနေပြီးတော့ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) တွေကို တိုက်ရိုက်  ဆောင်ရွက်  ပေးတာတွေ ပစ္စည်းတွေ ဝေခြမ်းပေးတာတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ နောက်တချို့ကျတော့ နိုင်ငံတကာ အေဂျင်စီတွေ ကနေ ဖြတ်ပြီးတော့မှပဲ ဒီဖက် EAOs တွေရဲ့ EHO Ethnic Health Department (တိုင်းရင်းသား ကျန်းမာရေး ဌာန) ပေါ်မှာ ဖြတ် ပြီးမှ Project (စီမံကိန်း) အရ အဲဒါတွေကိုတော့ ကျနော်တို့ကို ဆောင်ရွက်ပေးတာတွေရှိတယ်။ ဒါတွေက ကျနော် တို့က ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ Project ကို လိုက်အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အပေါ်မှာ လောက် ပဲရှိတယ်။ နောက်တစ်ခုကတော့ အစိုးရရဲ့ စီမံကိန်း နောက်တစ်ခါ NGO တွေရဲ့ Project အပေါ်မှာ လိုက်အ ကောင်အထည်ဖော်ရတဲ့ သဘောလောက်ပဲ ကျနော်တို့ ဆိုလိုချင်တာက ဒီအစိုးရ ကျန်းမာ ရေး ဌာနနဲ့ ကျ နော်တို့ ကျန်းမာရေးဌာန လက်ရှိကာလပေါ့ဗျား ကျနော်တို့ ကြားကာလ အခြေအနေ မှာတော့ တစ်ဖက်နဲ့ တစ်ဖက် Bilateral (အပြန်အလှန်)ကို ဆက်ဆံစေချင်တယ်။ ပူးပေါင်းဆောင်ရွက်မှု ဆိုတာထက် ဆက်စပ် ဆောင် ရွက်မှု ညှိနှိုင်းဆောင်ရွက်မှု တစ်ဖက်နဲ့တစ်ဖက် အသိအမှတ်ပြုမှုပေါ့ သူ့ရဲ့ ကျန်းမာရေး ဝန်ဆောင်မှု ကိုယ့်ရဲ့ ကျန်း မာရေး ဝန်ဆောင်မှုအပြင် Health System (ကျန်းမာရေး စံနစ်) တွေရဲ့ ဝန်ဆောင်မှု ဒီ System တွေကို အသိအ မှတ်ပြု မယ် အဲဒီအပေါ်မှာမှ ကျနော်တို့ အပြန်အလှန် အသိအမှတ်ပြုရင်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက် သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့သွားမယ့် အနာဂတ် ဖက်ဒရယ်ပြည် ထောင်စု တည် ဆောက်တဲ့ နေ ရာမှာ ရှေ့လာမယ့် ငြိမ်းချမ်းရေးကို တစ်ခါတည်း တည်   ဆောက်လို့ ရမှာဖြစ်တယ်။ အခုလက် ရှိသွားနေတဲ့ ပုံစံက အဲလိုပုံစံမဟုတ်ပဲနဲ့ အားလုံးကို ကျနော်တို့ အစိုးရကပဲ သူနဲ့ပဲ ဆိုင် တယ် သူနဲ့ပဲ ပတ် သက်တယ် သူ သာလျှင်တာဝန်ရှိတယ်။ EAOs တွေကတော့  ပေးတဲ့အပေါ်မှာ လိုက်လုပ် ပေးရမယ် ဒါအဲ လောက်အဆင့်နဲ့ပဲ ဆက်ဆံဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးကို ကျနော်တို့ တွန်း အား ပေးရာ မရောက်ပဲ အခုလိုမျိုး COVID- 19 နဲ့ ပတ် သက်တဲ့ စီမံကိန်းဆောင်ရွက်မှု လည်းပဲ ထိရောက် စွာ အောင်မြင်မှုကို ရနိုင် မှာ မဟုတ်ဘူးလို့ပဲ ကျနော်တို့ အဲလိုပြောရမှာ ဖြစ်တယ်။

 

သတင်းနှင့် မီဒီယာကွန်ရက် - ဆရာအနေနဲ့ ဘာဖြည့်စွတ်ပြောစရာရှိသေးလဲ။

ပဒိုမန်းမန်း - တစ် တစ်ချက်က အစိုးရ ကျန်းမာရေးဌာနအနေနဲ့က ကျနော်တို့ တိုင်းရင်းသား ကျန်းမာရေးဌာနတွေနဲ့ အပြန်အလှန် အသိအမှတ်ပြု ဆက်ဆံဖို့လုပ်ပါ။ Bilateral (အပြန်အလှန်) ဆက်ဆံဖို့လိုတယ်။ ပထမတစ် ချက် အနေနဲ့ ဒုတိယတစ်ချက်အနေနဲ့ကတော့ နိုင်ငံတကာ အကူအညီပေးတဲ့ နေရာမှာက အစိုးရ ကျန်း မာရေးဌာနကို ပေးသလို ကျနော်တို့ တိုင်းရင်းသား ကျန်းမာရေးဌာနကိုလည်းပဲ တိုက်ရိုက်ပေးတဲ့ဟာမျိုး တိုက်ရိုက်ပေး တဲ့ နေရာမှာ Funding သာမကဘူးပေါ့နော Technical support (နည်းပညာ ပံ့ပိုးမှု) တွေကအစ ဒါတွေပါ တိုက်ရိုက်ပေးတဲ့ ဟာ မျိုးကိုတော့ သွားစေချင်တယ်။ နောက်ဆုံးကတော့ တိုက်ရိုက်ပေးနိုင်ဖို့အတွက် ခုနက ကျနော်ပြောတဲ့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုကလည်း Cross Border Aid (နယ်စပ်ဖြတ်ကျော်ကူညီမှု) ကနေ ပြီးတော့မှ အရင် ပုံစံ အတိုင်း ပြန်လည်ပြီးတော့မှ ထည့်သွင်းစဉ်းစားဖို့ အဓိက နောက်ဆုံးပြောချင်ပါတယ်။

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...