ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံသုံးဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံသုံးဦးဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီး ဇူလိုင်လ ၁၆ ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေ့လည် (၁)နာရီအချိန်ခန့်က တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီးတွင်လယ်ထွန်နေသည့် လယ်သမားသုံးဦးမှာ လက်နက်ကြီးကျည်စများ ထိမှန် သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက DMG သို့ပြောသည်။

“ရွာကလယ်သမားတွေက တိုက်ပွဲဖြစ်ရင်ပုန်းနေတယ်။ တိုက်ပွဲမဖြစ်တဲ့အချိန်ဆိုရင် လယ်ထွက်ပြီး ထွန်တယ်။ ဒီလိုပဲလုပ်ကိုင်နေကြရတာ။ ဒီနေ့တော့ လေယာဉ်နဲ့လာပစ်တော့ လယ်ထွန်နေတဲ့သူတွေကို သွားထိတာ ” ဟု ၎င်းကဆိုသည်။

ယင်းသို့ပစ်ခတ်မှုများကြောင့် လယ်ယာထွန်ယက်နေသည့် ဦးမောင်ခင်လှ၊ ဦးဦးကျော်သန်းနှင့် ဦးမောင်လှ တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများထဲမှနှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ လမုန်းတိုင်ကျေးရွာ၌ ဆေးကုသမှုခံနေပြီး ဒူးဆစ်၌ ဒဏ်ရာရရှိသွားသည့် လူနာမှာ လမ်းမလျှောက်နိုင်သဖြင့် ရွာ၌ကျန်နေသေးကြောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

“လက်နက်ကြီးတွေနဲ့ပစ်နေတော့ လောလောဆယ်မသွားရဲသေးဘူး။ တိုက်ပွဲပြီးလို့ ပစ်ခတ်သံတွေ ရပ်သွားမှ သွားယူမယ်လို့စီစဉ်ထားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သဖြင့် ဒေသခံအပြားမှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့သို့ တိမ်းရှောင်နေကြသည်။ သို့သော် လယ်သမားတစ်ချို့မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ကျန်ရှိနေခဲ့ကြသည်။

ကျောက်တန်း၊ အောင်သာစည်နှင့် ထီးစွဲကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိကာ လက်နက်ကြီးပတ်ခတ်သံများကိုလည်းကြားနေရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“အဲဒီဖက်မှာ တိုက်ပွဲဖြစ်ပွားတာတော့ရှိတယ်။ အခုထိတော့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတုန်းပဲ ” ဟု ညနေ ၄ နာရီကျော်ခန့်က DMG သို့ ပြောဆိုထားသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တိုက်ပွဲဖြစ်ပွားရာနေရာဘက်သို့ ရသေ့တောင်မြို့ပေါ်ရှိ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်မတော်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်းလည်း ရသေ့တောင်မြို့ခံများထံမှ သိရသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...