စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ယာယီရပ်နားထားခြင်းကြောင့် အလုပ်သမား ၄၀၀ ခန့် အခက်အခဲဖြစ်

စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ယာယီရပ်နားထားခြင်းကြောင့် အလုပ်သမား ၄၀၀ ခန့် အခက်အခဲဖြစ်

မျိုးသီရိကျော် - ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအား အကန့်အသတ်မရှိ ယာယီရပ်နားထားခြင်းကြောင့် အခြေခံအလုပ်သမား ၄၀၀ ခန့်မှာ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း အလုပ်သမား များထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းတွင် နှစ်ပေါင်း(၂၀)ကျော်ကြာ ကုန်တင်ကုန်ချ နေ့စားအလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သော ဒေါ်ဦးညွန့်စိန်က “အခုသူများဆီက ငွေချေးပြီးစားနေရနေရတော့ အကြွေးတွေပဲတင်လာတယ်။ ကျောင်းလည်းဖွင့်တော့မယ်၊ ကျောင်းမထားပေးနိုင်မှာကိုလည်း စိုးရိမ်တယ်။ အဓိက ဒီလုပ်ငန်းကိုပဲ ပြန်လည်ပတ်စေချင်တယ်”ဟု ပြောသည်။

ထိုသို့ အလုပ်သမားတို့မှာ အလုပ်အကိုင်မရှိ၍ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြကြောင်းနှင့် အခြားအလုပ်တစ်ခုပြောင်းရန်လည်း မလွယ်ကူကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ မန်နေဂျာ ဦးကံကြီးကပြောသည်။

“ကျနော်တို့မှာ အလုပ်မလုပ်ရတာ တစ်လနီးပါးရှိနေပြီ။ အဲဒါကြောင့် မိသားစုစားဝတ်နေရေးတွေ အဆင် မပြေဘူး။ ဝင်ငွေမရှိဘဲ ထွက်ငွေပဲရှိနေတယ်။ ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် အလုပ်လည်းရှားတယ်။ နောက်အလုပ်တစ်ခု ပြောင်းဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး” ဟု ၎င်းကရှင်းပြသည်။

ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှ စစ်တွေမြို့သို့ ကုန်တင်ရေယာဉ်ဖြင့် ရောက်ရှိ လာသူတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ယာယီရပ်နားလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၂ ဦးရှိပြီး ယင်းထဲမှ သံတွဲဆေးရုံမှတစ်ဦး၊ တောင်ကုတ် ဆေးရုံမှတစ်ဦး၊ မောင်တောဆေးရုံမှသုံးဦးတို့မှာ ကျန်းမာရေးကောင်းမွန်လာသည့်အတွက်ကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

ကျန်ရှိနေသည့် ပိုးတွေ့လူနာခုနှစ်ဦးမှာ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင်တစ်ဦး၊ မောင်တောခရိုင်ဆေးရုံတွင် လေးဦးနှင့် ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် နှစ်ဦးတို့ ဆေးကုမှုသခံယူလျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...