ရသေ့တောင်တွင် ဒေသခံတစ်ဦးမိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ရသေ့တောင်တွင် ဒေသခံတစ်ဦးမိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ဒေသခံတစ်ဦးသည် ဇူလိုင်လ ၈ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ၎င်းရွာသားများထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ ဦးဦးကျော်သန်း (၆၆)နှစ်ဖြစ်ပြီး ဇူလိုင် ၈ ရက် နံနက်ပိုင်းက ကျေးရွာ၏မြောက်ဘက်တွင်ရှိသော နွားစားကျက်ကွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း င/တောက်တူကျေးရွာမှ ဦးညိုစံအောင်က DMG သို့ ပြောသည်။

“ခြေနှစ်ဖက်လုံးကတော့ ကြွေမွသွားတယ်။ ဖြတ်ရမယ့်အနေအထားရှိတယ်။ ဒဏ်ရာကတော့စိုးရိမ်ရတယ်” ဦးညိုစံအောင်က ပြောသည်။

လက်ရှိအချိန်၌ ၎င်းမှာ ရသေ့တောင်မြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး စစ်တွေမြို့ဆေးရုံကြီးသို့ ယူဆောင်လာမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အလားတူ ဧပြီလအတွင်းကလည်း ရသေ့တောင်မြို့နယ် င/စံဘော်ကျေးရွာမှ အသက်(၅၇)နှစ်အရွယ် ဦးသိန်းမောင်သည် ရွာနှင့် ၆ ဖာလုံအကွာရှိ တောင်တန်းအနီးသို့ ကျွဲရှာရန်သွားစဉ်မိုင်းနင်းမိ၍ သေဆုံးသွား ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၁၉ ခုနှစ်အတွင်းက အရပ်သား (၈၆)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၇၄)ဦးရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ သေဆုံး၊ ဒဏ်ရာရရှိမှုများသည် နှစ်ဘက်လက်နက်ကိုင်တိုက်ပွဲများကြားတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် မိုင်းအန္တရာယ်များကြောင့်ဖြစ်သည်ဟု MIPS အကြီးတန်းသုတေသနတာဝန်ခံ ဦးနေလင်းအောင်က ဆိုသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...