ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ချက် ဥပဒေနှင့် ကိုက်ညီမှုအားနည်းခြင်းအပေါ် ICJ ထောက်ပြ

ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ချက် ဥပဒေနှင့် ကိုက်ညီမှုအားနည်းခြင်းအပေါ် ICJ ထောက်ပြ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်အချို့အား အသုံးပြု၍မရအောင် ပိတ်ခိုင်းသည့် ညွှန်ကြားချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် မကိုက်ညီကြောင်း ထောက်ပြချက်အပါအဝင် တရားဝင်ကြေညာချက်တစ်စောင်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ထုတ်ပြန်လိုက်သည်။

အစိုးရညွှန်ကြားချက်၏ တရားဝင်မှုအပေါ် မြန်မာနိုင်ငံ၏ ဥပဒေအရ မေးခွန်းထုတ်နိုင်သည့် အချက်အလက် အများအပြားကိုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICJ ၏ လူ့အခွင့်အရေး လေ့လာသုံးသပ်ချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်များ ရပိုင်ခွင့်နှင့်၊ ကျန်းမာရေးအသိပညာပေး သတင်းအချက်အလက်များ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ရယူပိုင်ခွင့် တို့အပေါ်တွင် အဓိက ဦးတည်ထားခြင်းဖြစ်သည်။ ဤအခွင့်အရေးများသည် နိုင်ငံတကာဥပဒေများအရလည်း အခိုင်အမာ ထည့်သွင်းဖော်ပြထားပြီးသား ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ရယူခွင့်အား စီးပွားရေး၊ လူမှုရေးနှင့် ဓလေ့ထုံးတမ်းအခွင့်အရေးများ (International Covenant on Economic, Social and Cultural Rights - ICESCR) ဆိုင်ရာ နိုင်ငံတကာပဋိညာဉ်နှင့် မြန်မာနိုင်ငံ ပါဝင်လက်မှတ် ရေးထိုးထားသည့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွင်လည်း အာမခံပေးထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Transport and Communications - MOTC) သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ ကို မှီငြမ်းထားသည်ဟု ယူဆရသော အမိန့်တစ်ရပ်ကို ၂၀၂၀ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်အရ ဆက်သွယ်ရေးကုမ္ပဏီများသည် “သတင်းတု”၊ ညစ်ညမ်းအကြောင်းအရာများနှင့် ကလေးသူငယ်များအား လိင်အကြမ်းဖက်မှု အကြောင်းအရာများ ဖြန့်ဖြူးနေသည်ဟု ၎င်းတို့ယူဆသည့် ဝက်ဘ်ဆိုက် ၂၁၄၇ ဆိုက်အား ပိတ်ဆို့ပေးရမည်ဖြစ်သည်။ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ သတင်းထုတ်ပြန်ချက်၌ ကိုဗစ်-၁၉ အကြောင်းကို ထည့်သွင်းရေးသား ထားသော်လည်း ဤပိတ်ဆို့မှု၌ ကိုဗစ်-၁၉ နှင့် ဆက်စပ်သည့် သတင်းအချက်များလည်း အကျုံးဝင် မဝင်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

MOTC ၏ အမိန်ကြေညာချက် ထုတ်ပြန်ပြီးပြီးချင်းပင် ၎င်းတို့၏ ပိတ်ဆို့မှု၌ ရခိုင်အခြေစိုက် Development Media Group နှင့် နိရဉ္စရာ ကဲ့သို့သော တိုင်းရင်းသားဒေသ သတင်းဌာနများလည်း ပါဝင်နေသည်ကို တွေ့ရှိရသည်။ ထို့အတွက်ကြောင့် ဝက်ဘ်ဆိုက်များအား ပိတ်ဆို့မှု၏ နောက်ကွယ်က အကြောင်းရင်းမှန်များကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်လာခဲ့သည်။

ICJ ၏ ကြေညာချက်တွက် အောက်ပါအချက်များကို အလေးပေး ပြောဆိုထားသည်။

ထိုဝက်ဘ်ဆိုက်များအား အသုံးပြုခွင့်မရအောင် ပိတ်ဆို့ခြင်းသည် လူထုနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် အခန်း ၁၉ နှင့် နိုင်ငံတကာဥပဒေများဖြင့် အကာအကွယ်ပေးထားသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူသိရှိပိုင်ခွင့် တို့အပါအဝင် လူ့အခွင့်အရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သတိပြုစရာ ဖြစ်လျှက်ရှိသည်။

အစိုးရထုတ်ပြန်သော အကြောင်းပြချက်နှင့် သက်သေအထောက်အထားများ၏ ပွင့်လင်းမြင်သာမှု အားနည်းနေခြင်းသည် အသေအချာ လေ့လာစိစစ်ရန်အတွက် အဟန့်အတား ဖြစ်နေသကဲ့သို့ ဤအခွင့်အရေးကို ပိတ်ဆို့တားမြစ်ခြင်းအား လက်သင့်ခံနိုင်လောက်သည့် အနေအထားမျိုးလည်း မတွေ့ရပေ။

ကိုဗစ်-၁၉ ကပ်ရောဂါ အရေးတွင်လည်း MOTC ၏ အမိန့်ကြေညာချက်သည် မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်ကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ ICESER အရ အာမခံပေးထားပြီးဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု ရယူပိုင်ခွင့်သည် ကျားမ တန်းတူမရွေး ရယူခွင့်ရှိသကဲ့သို့ ဤအခွင့်အရေး၌ ကျန်းမာရေးသတင်း အချက်အလက်များ ရယူခွင့်လည်း ပါဝင်သည်။ MOTC ၏ အမိန့်အရ သတင်းအချက်အလက်များ ဖြန့်ဖြူးနေသည့် တရားဝင် ရင်းမြစ်များအား ပိတ်ဆို့ခြင်းသည် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်မည့် လမ်းကြောင်းအား လုံးဝ တားဆီးလိုက်ခြင်း ဖြစ်သည်။

MOTC ၏ အမိန့်အား ပြန်လှန်မေးခွန်းထုတ်ရန်အတွက် ဖော်ပြပါ တရားဝင်နည်းလမ်းများ ဆောင်ရွက်နိုင်သည်။

(က) မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ကန့်ကွက်စာ ပေးပို့တိုင်ကြားခြင်း

(ခ) အမိန့်စာချွန်လွှာ ထုတ်ပြန်ပေးရန် ပြည်ထောင်စုတရားရုံးချုပ်ထံ ရေးသားတိုင်ကြားခြင်း

(ဂ) သီးခြားသက်သာခွင့်ဥပဒေ အရ ထုတ်ပြန်ချက်တစ်ရပ် တောင်းဆိုခြင်းတို့ဖြစ်သည်။

ရည်ညွှန်း - ICJ sets out legal deficiencies in Ministry of Transport and Communications Order to block access to specific websites

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...