ပူတာအိုကျောင်းများ ပုံစံသစ်နှင့် ပြန်ဖွင့်မည်

ပူတာအိုကျောင်းများ ပုံစံသစ်နှင့် ပြန်ဖွင့်မည်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းများကို COVID-19 ကာလအတွင်း ပညာသင်ကြားရေး စနစ်များကို ပြောင်းလဲသင်ကြားရန် စီစဉ်ထားသည်ဟု သိရသည်။

ပူတာအိုမြို့ ရှိ၊ ကောင့်ကထောင်ရပ်ကွက်ရှိ အထက်တန်း ကျောင်းအုပ် ဆရာကြီး ဦးဆိုင်းခွန်က COVID-19 ကာလအတွင်း ပြောင်းလဲထားသည့် ပညာသင်ကြားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုကဲ့သို့  ပြောသည်။

“အထက်တန်းကို အရင်သင်မယ်၊ တစ်ခန်းမှာ အယောက်(၂၀) ထား သင်မယ်။ လူဦးရေများတဲ့ ကျောင်း  တွေမှာဆိုရင် မနက်ပိုင်းနဲ့ ညနေပိုင်း သင်သွားမှာဖြစ်တယ်။ တပတ်သင်ပြီး တပတ်ပြန်နား အဲ့လို သင်သွား မယ်။ သင်ထားတဲ့စာတွေကို အိမ်စာအဖြစ် နားတဲ့အပတ်မှာလုပ်ရမယ်။ (၉)တန်း၊ (၁၀)တန်း ကို အရင်သင်ကြည့်ပြီး အဆင်ပြေမှ မူလတန်း၊ အလယ်တန်းတွေကို ပြန်သင်မှာဖြစ်ပါတယ်။ အဆင်မပြေရင် ကျောင်း  ပြန်ပိတ်မယ်။”  

ဇူလိုင်လ ၁၃ ရက်နေ့ မှစတင်၍ ၁၈ ရက်နေ့အထိ ၉တန်းနှင့် ၁၀တန်းတို့အား နာမည်စာရင်းများ စတင်ကောက်ယူသွားမည်ဖြစ်ပြီး ၂၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည်ဟု ကျောင်းအုပ်ကြီး ဦးဆိုင်းခွန် က ဆက်ပြောသည်။

COVID-19 ကာလ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ပြောင်းလဲစီစဉ်ရခြင်းဖြစ်ပြီး၊ နဝမ တန်းနှင့် ဒဿမတန်း ကျောင်းသူ/သားများမှာ MASK များကို စနစ်တကျ သုံးတတ်ရန် သင်ကြားပေးရသည်မှာ လွယ်ကူသည့်အတွက် ၎င်းတို့အား ယခုကဲ့သို့ အရင်ဆုံး ကျောင်းဖွင့်ပေးရခြင်းဖြစ်သည်ဟု သိရသည်။

ကျောင်းသူ/သားများအတွက် Mask (၂) ခုစီနှင့် Face Shield (၁) ခု စီကိုလည်း ပညာရေးဝန်ကြီးဌာနက  ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု လည်း သိရသည်။

ထို့အပြင် မူလတန်းနှင့် အလယ်တန်းကလေးငယ်များအတွက် ပထမအသုတ်အနေဖြင့် ကျောင်းစတက်ရမည့် နဝမတန်းနှင့် ဒဿမတန်းကျောင်းသူ/သားနှင့် ဆရာ/ဆရာမများက COVID-19 ကာလအတွင်း စနစ်တကျ Mask များတက်တတ်ရန်နှင့် လက်စနစ်တကျဆေးတတ်ရန် သင်ကြားပေးရန် စီစဉ်ထားသည် ဟုလည်း ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ အထက်တန်းများအား ကျောင်းလာအပ်ကြမည့် ကျောင်းသား မိဘများ အနေ ဖြင့်လည်း သတ်မှတ်ထားသည့် မျဉ်းအတွင်း (၃) ပေအကွာတွင်ရပ်ပြီး ကျောင်းအပ်ရမည်ဖြစ်ပြီး၊  ကျောင်းသူ/သား တစ်ယောက်အား ၃ မိနစ်စီ ချိန်ယူက ကျောင်းသုံးစာအုပ်များကို ထုတ်ပေးသွားမည်ဟု ဆိုသည်။

ကျောင်းသားသစ်များအား တစ်ရက်ခြား ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသားဟောင်းများကို နေ့စဉ် လက်ခံပေးသွားမည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

ယခုကဲ့သို့စီစဉ်ရခြင်းသည် ကျောင်းအပ်ချိန် လူစုလူဝေးမဖြစ်စေရန် ဖြစ်သည်ဟု ဆိုသည်။

August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...
August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...