မွန်ပြည်နယ်တွင် တပ်မဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံလျာထား

မွန်ပြည်နယ်တွင် တပ်မဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံလျာထား

၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံဖွင့်လှစ်ရန် လျာထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ဦးဟိဏ်းလင်းထက်က “လက်ရှိမှာ မွန်ပြည်နယ်က မဲဆန္ဒရှင်တွေမဲထည့်နိုင်ဖို့အတွက် မဲရုံ ၉၅၈ ရုံပေါ့နော် အဲဒီမှာတပ်မဲရုံတွေလည်းပါတယ်၊ အခု တပ်မိသားစု တပ်မဲရုံတွေကအပြင်မှာပဲ လုပ်မှာပါ၊ အပြင်မှာ ရပ်ကျေးနဲ့အတူတူပေါင်းထည့်နိုင်အောင် မဲရုံတွေလုပ်ထားတယ်” ဟု ဆိုသည်။

၂၀၂၀ ခုနှစ် မေလ ၂၉ ရက်နေ့အထိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးအတည်ပြုထားသောစာရင်းအရ မွန်ပြည်နယ်ဆန္ဒမဲပေးခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်ရှိရာတွင် တပ်မတော်သားများနှင့် မှီခိုသူတပ်မိသားစုဝင်စာရင်းများ မပါရှိသေးပေ။

“တပ်မဲရုံတွေကို တပ်ရဲ့အပြင်ဖက်မှာ ထုတ်ထားတယ် သို့သော်ငြားလည်း အဆောက်အဦးမရှိဘူး ရပ်ကျေးနဲ့ပေါင်းတဲ့အခါကျရင် တစ်မိုင်နှစ်မိုင် သုံးမိုင်လောက် သွားရမယ့်နေရာဆိုရင် ယာယီမဲရုံတွေဆောက်ဖို့ ရှိတယ်” ဟု ဦးဟိဏ်းလင်းထက်က ဆက်ပြောသည်။

ထို့ပြင် ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ရွေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် မဆုံးရှုံးစေရန် မဲစာရင်းတွင် ပါဝင်မှုရှိမရှိကို ပြန်လည်စိစစ်နေသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၄ သောင်းကျော်လျာထားသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနှင့်အတူတူလောက်ပင်ဖြစ်သော်လည်း ထောင်ဂဏန်းခန့်ပိုနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံ၊ တပ်တွင်းမဲရုံ ၄၉ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်၊ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၄ သောင်းကျော် ဆန္ဒမဲပေးခွင့်ရှိသူ ၃၃ သန်းကျော် ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...