KIO ၏ COVID-19 ကော်မတီက အခြားရောဂါကာကွယ်ရေးများ တိုးချဲ့ ဆောင်ရွက်ရန် ဆုံးဖြတ်

KIO ၏ COVID-19 ကော်မတီက အခြားရောဂါကာကွယ်ရေးများ တိုးချဲ့ ဆောင်ရွက်ရန် ဆုံးဖြတ်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို COVID-19 ကာကွယ်နှိမ်နှင်းရေး ကော်မတီက လက်ရှိ လုပ်ဆောင်  နေ သော COVID-19 ကပ်ရောဂါ အပြင် အခြားသော ရောဂါများကာကွယ်ရေးများကို တိုးချဲ့ လုပ်ဆောင် သွား မည်ဖြစ်ကြောင်း ဇွန်လ (၁၀) ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

United For Health (COVID-19 Response Group Kachin State) မှာ လက်တွေ့ ဦးဆောင်နေသော ဒေါ်လဘန်ခေါန်ဂျာ က မိုးရာသီရောက်လာပြီ ဖြစ်သောကြောင့် အခြား ကူးစက်ရောဂါများနှင့် COVID-19 တွဲပြီး ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ကျမတို့လည်းအခု ပိုပြီးမှ သတိရှိရမယ်၊ ဘာကြောင့်ဆိုတော့ ဒီမိုးတွင်းကာလက COVID-19 ကိုပိုပြီးမှ အားပေးတဲ့ သဘာဝတရား ကျမတို့မှာ ဖြစ်နေတဲ့အတွက် နောက်နှစ်နွေရာသီအထိ သတိရှိနေဖို့လိုပါတယ်၊ ဥပမာ  COVID က သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ရောပြီး ရောဂါလက္ခဏာ မပြပဲဖြစ်မှာကိုလည်း စိုးရိမ်ရတဲ့ အတွက် ရောဂါကို ကာကွယ်တဲ့အချိန်မှာ COVID-19 တစ်ခုကိုပဲ ကာကွယ်တာမဟုတ်ပဲနဲ့ တခြား ဖြစ်လာနိုင် တဲ့ ရောဂါတွေကိုလည်း အတူကာကွယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒါကိုလည်း သတိထားရမယ်” ဟု ပြောသည်။

COVID-19 တစ်ခုတည်းကိုပဲ ကာကွယ်ခြင်းမျိုး မဟုတ်ပဲ အခြားရောဂါများကိုလည်း ပူးပေါင်းကာကွယ်သွား မည် ဖြစ်ကြောင်း ဒေါ်လဘန်ခေါန်ဂျာ က ပြောသည်။

လူစုလူဝေးများကို စိစစ်ပြီး COVID-19 ကပ်ရောဂါကြောင့် အခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် ကြည့်ရှုစောင့်ရှောက်ရန် လိုအပ်ကြောင်းကိုလည်း ဒေါ်လဘန်ခေါန်ဂျာ က ပြောသည်။

COVID-19 ကာကွယ်နှိမ်နင်းရေး ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် ကော်မတီက ထုတ်ပြန်ထား  သော စည်းမျဉ်းစည်းကမ်းများကို ပိုမိုထိရောက်စေရန် တာဝန်ရှိသော အဖွဲ့အစည်း အသီးသီးက ပိုမို လုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြောင်းကိုလည်း KIO ဗဟိုကော်မတီ က ဖွဲ့စည်းထားသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး ဦးလဖိုင်ဟိန်းဝမ် က ပြောသည်။

“ကွာရန်တင်းစခန်းနဲ့ စစ်ဆေးရေး ဂိတ်တွေနဲ့ လက်တွေ့ ဦးဆောင်နေတဲ့ ကော်မတီတွေက အလုပ်ကို ပိုမို ထိ  ရောက်အောင် လုပ်ဆောင်နိုင်ဖို့နဲ့ ချမှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေထဲက တချို့ စည်းကမ်းချက်တွေကို  ပြန်လည်ပြုပြင်တာပါ” ဟု ပြောသည်။

ယခု အစည်းအဝေးတွင် အရေးပေါ်အခြေအနေများထဲ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြသည်။

အစည်းအဝေးကို ကေအိုင်အို ဌာနချုပ် လိုင်ဇာရှိ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ (NGO များ)၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များ (INGO များ)၊ ဘာသာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ နှင့် လူထု အခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...