မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ နှစ်သိန်းကျော်တိုးလာ

မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ နှစ်သိန်းကျော်တိုးလာ

မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော် ရှိသည် ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၃ သောင်းကျော်ရှိခဲ့ရာ ၂၀၂၀  ရွေး ကောက်ပွဲအတွက် နောက်ဆုံး ကောက်ယူရရှိထားသည့် စာရင်းများ အရ ၂ သိန်းကျော် တိုးလာခြင်း ဖြစ်သည်။

မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က “အဲဒီ ၁၇ သိန်း ၄ သောင်းကျော်မှာ တပ်မတော်သားနဲ့ အတူနေ မိသားစုဝင်တွေရဲ့ စာရင်းမပါသေးဘူးပေါ့နော်။ မသန်စွမ်း မဲစာရင်း ပါဝင်ပြီးဖြစ်တယ်” ဟု ပြောသည်။

တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်သည်ဟုလည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန် လျာထားဆောင်ရွက်ထားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

ထို့အပြင် ပြည်ပမှ ပြည်လည်ရောက်ရှိလာသည့် ရွှေ့ ပြောင်းလုပ်သားများ မဲပေးခွင့် မဆုံးရှုံးရလေအောင် စိစစ်  ဆောင်ရွက်နေသည် ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

“COVID ကာလမှာ ပြည်ပနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသား ရွှေ့ ပြောင်းလုပ်သားတွေရဲ့ မဲစာ ရင်းကိစ္စ သက်ဆိုင်ရာ ထွေအုပ်နဲ့ လဝကမှာ စာရင်းယူတယ်။ မဲစာရင်းမှာ ပါနေပြီလား မပါသေးရင် စိစစ်ပြီး ထည့်တယ်။ မဲပေးခွင့် မဆုံးရှုံးအောင် မဲစာရင်း စိစစ်ပြီး ထည့်ပေးနေတယ်။”

ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိ သည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန် တိကျသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ်အဖြစ် သတ်မှတ်ပြီး မဲစာရင်း ပြုစုခြင်းကို အထူးအလေးထားဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...