တိုက်ပွဲကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မည်ကို ရှမ်းမြောက် ဒေသခံများ စိုးရိမ်

တိုက်ပွဲကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မည်ကို ရှမ်းမြောက် ဒေသခံများ စိုးရိမ်

စိုက်ပျိုးရာသီတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည့်အတွက် လုပ်ကိုင်စားသောက်ရေး  ခက်ခဲလာမည်ကို ရှမ်းမြောက်ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။

မေလ နောက်ဆုံးအပတ်နှင့် ဇွန်လ လဆန်းပိုင်းမှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၊ ကွတ် ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ် နှင့် မန်တုံမြို့နယ်တို့တွင် တပ်မတော်နှင့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် အပေါ် ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

နမ့်ဖက်ကာ ဒေသခံတစ်ဦးက “အခုရာသီက စိုက်ပျိုးရာသီလည်း ဖြစ်တဲ့အခါကြတော့ တောင် ယာ၊ လယ်ယာတွေ လုပ်တဲ့သူတွေက အခုမှ စိုက်ပျိုးနေကြတာဆိုတော့ အရင်လို ဖမ်းဆီးတာတွေရှိလာမှာကို ပို စိုးရိမ်တယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ပြည်သူတွေ ရဲ့ တောင်ယာ၊ လယ်ယာ၊ စိုက်ခင်းတွေနဲ့ အရမ်းနီး နေ တယ်” ဟု ပြောသည်။

ဇွန်လ (၄)ရက်၊ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် ရှမ်းမြောက်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မ  တော် KIA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ တပ်မတော်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု၊ တပ် အင်အားတိုးချဲ့မှုများ ရှိနေသည်ဟု ရှမ်းမြောက်ဒေသတွင် တာဝန်ကျနေသည့် KIO မှ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထို့အပြင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား အဆိုပါဒေ သများတွင် ဇွန်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်အင် အားတိုးချဲ့ မှု၊ ထိုးစစ်ဆင်မှုများ ပိုများလာသည်ဟု ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

သို့သော်လည်း လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများမှာ စစ်ဆင်ရေးတစ်ရပ်ကြောင့် ဖြစ်ပွားသော တိုက်ပွဲများ ကဲ့သို့ ပြင်းထန်ခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။  

“ဒါပေမယ့် သတိထားမိတာ တစ်ခုကတော့ ဘာလဲဆိုတော့ ဒီမြောက်ပိုင်းအဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးတစ်ရပ် လုပ်သလို ဟာမျိုးတော့ ကျနော်တို့ မတွေ့ရပါဘူး။ အဲတော့ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သတ်လို့ သူ့နယ်မြေ ကိုယ့် နယ်မြေဖြစ်တယ်ဆိုတဲ့ အနေထားမျိုးတွေမှာ သူစိုးမိုးထားတယ်၊ ကိုယ်စိုးမိုးထားဆိုတဲ့ အနေအထားတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွား တယ်လို့ပဲထင်ပါတယ်”

ကေအိုင်အိုနှင့် မြန်မာတပ်မတော်အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ကြားဝင် ညှိနှိုင်းပေးနေသည့် ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG ကလည်း ယခုတိုက်ပွဲများ ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ထိခိုက်မည် မဟုတ်ကြောင်း ပြောသည်။

PCG အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ က “ရှေ့ဆက်ပြီးမှလည်း ဆွေးနွေးနေပါတယ်။ အခုလိုတိုက်ပွဲဖြစ်လာတော့ ဒီဆွေးနွေးမယ့် အပိုင်းမှာ ဘာမှ ထိခိုက် သွားမှာ မဟုတ်သလို ရှေ့ဆက်ပြီးမှလည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကျနော်ကမြင်ပါတယ်။”

သို့သော် လက်ရှိ အနေအထားအရ အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့အကြား တွေ့ဆုံ  ဆွေးနွေးမှုများမှာ ရပ်တန့်နေပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် ULA/AA နှင့် တပ်မ  တော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် PSLF/TNLA၊ KIO/ KIA၊ MNTJP/MNDAA တို့နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

တိုက်ပွဲများ ပြင်းထန်သည်ဖြစ်စေ မပြင်းထန်စေသည်ဖြစ်သည် အရပ်သားများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်စေမည်သာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာနေသည့်အတွက် ဒေသခံများနှင့် စစ်ဘေး ရှောင်များမှာ နေထိုင်စားသောက်ရေး ပိုမိုခက်ခဲလာနိုင်သည်ဟု ကချင်စစ်ရှောင်များအား ကူညီပေးနေသည့် ကချင်အနုပညာ ပိုးသဘက် (Shingni Nbat) အဖွဲ့ တာဝန်ခံ ဒေါ်နန်ပရီက ပြောသည်။

“ကျမတို့က အခုဒီ COVID ကာလလည်း ဖြစ်တယ်ပေါ့နော်။ အပစ်အခတ် ရပ်စဲထားတယ်ဆိုလို့ ကျမတို့က ဝမ်းသာနေတာ။ ဘာကြောင့်လဲဆိုတော့ မြို့ပေါ်မှာရှိတဲ့ စစ်ရှောင်တွေမှာတောင် အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတော့ အခုလို ရှမ်းမြောက်ဘက်လိုမျိုး အရမ်းဝေးတဲ့ဒေသမှာ အတော်ခက်ခဲမယ့်နေရာ တွေမှာ အခုလိုဖြစ်တယ် ဆိုတော့ ကျမတို့ စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့အဖွဲ့ အနေနဲ့ ကိုယ်တိုင်ကလည်း ဘာမှမလုပ်ပေးနိုင်ဘူးဆိုတော့ သူတို့အတွက်အရမ်းစိုးရိမ်မိတယ်။”  

KIA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA၊ AA၊ MNDAA တို့သည် ပဏာမ အပစ်အခတ် ရပ်စဲ  ရေးစာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေပြီး၊ ယခုအချိန်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်ထားရသည်။  

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် တအာန်းအမျိုးသား လွတ်မြောက်  ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA နှင့် ရက္ခိုင့်တပ်  တော် AA တို့ ပါဝင်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...