အမှန်တရားကို မြေပြင်မှာရှာပါ

အမှန်တရားကို မြေပြင်မှာရှာပါ

၂၀၁၂ လယ်ယာမြေဥပဒေ ၏ အကျိုးဆက်များ (၁၁.၅.၂၀၂၀) တိုင်းရင်းသားဒေသတွေမှာ မြေယာ နှင့် ပတ်သက်ပြီး သက်သေခံစာရွက်စာတမ်းတောင်းလာရင် သူတို့မှာ ပြနိုင်တာဆိုလို့ ကြာချိန် (တိကျရှင်းမူမရှိသောအချိန်ကာလ) ပဲဖြစ်တယ်။

(သို့မဟုတ်) ခေတ်အဆက်ဆက်က ဒီမြေကိုလက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့တဲ့ ဘိုးဘွားတွေရဲ့အမည်နာမတွေပါပဲ။ ဒါပေမဲ့ ဒါတွေကို ၂၀၁၂ လယ် ယာမြေဥပဒေကို နားမလည်ဘူး။ အသိအမှတ်မပြုဘူး။ ဒါကြောင့် ယခုအခါမှာ ဒေသခံတောင်သူလယ်သမားတွေ အကြီးအကျယ်ခံနေရတယ်။

အနိင်ကျင့်ခံနေရတယ် ။ တရားရုံးမှာ တရားစွဲခံနေရတယ်။ ဥပဒေနဲ့ ခြိမ်း ခြောက်ခံနေရတယ်။ ကယားပြည်နယ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ကိုင်ပြီး ဒေသခံတောင်သူ လယ်သမား တွေကို တရားဆွဲ တဲ့အမူက (၃/၄) မူမက ရှိနေပြီ။ တရားလိုတွေအားလုံးနီးပါးက အစိုးရဌာနဆိုင်တွေနဲ့ နီးစပ်သူတွေဖြစ် နေတယ်။ ဓနရှင်တွေဖြစ်နေတယ်။ ဒါက အခုလက်တွေ့မှာ တောင်သူလယ်သမား ဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ် အပျက်အမှန်တရားတွေပါပဲ။

ဒါကြောင့် ၂၀၁၂ လယ်ယာ မြေဥပဒေက လည်တဲ့သူ(အချောင်သမား) တွေအတွက် ကိုင်စွဲစရာ လက်နက် ဖြစ်နေပေမဲ့ ဥပဒေကို နားလည်မူအားနည်းနေသေးတဲ့ ဒေသခံတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ၂၀၁၂ လယ်ယာ မြေဥပဒေက ဒေသခံတွေအတွက် ဘယ်တော့မှအကာအကွယ်ပေးမှာမဟုတ်ဘူး။ လုံခြုံမူလည်း ပေးမှာ မဟုတ်ဘူးဆိုတာလက်တွေ့ပါ။

၂၀၁၉ ခုနှစ်မှာ မြန်မာ့တပ်မတော်တပ်တွေက ၂၀၁၂ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရှိတဲ့ တောင်သူတွေရဲ့မြေတွေကို သိမ်းတယ် တောင်သူတွေကိုလည်း တရားစွဲထောင်ချနေတာပဲလေ။ ဒါကြောင့် ဘယ်မှာလဲ ၂၀၁၂ လယ်ယာမြေဥပဒေရဲ့ လုံခြုံမူ ၊ အကာအကွယ်ပေးမူ စသည့် မေးခွန်းတွေမေးစရာဖြစ်လာပါတယ်။

မြေယာနဲ့ဖြစ်တဲ့အမူမှန်သမျှ အမှန်တရားကို တရားရုံးမှာရှာရင်တွေ့ရခက်တယ်။ အမှန်တရားကို မြေပြင်မှာရှာပါ… သမိုင်းဖြစ်စဉ်နဲ့ရှာပါ။ ထုံးတမ်း ရိုးရာဓလေ့ နဲ့ရှာပါ။ အနီးစပ်ဆုံးအဖြေ တွေ့ပါလိမ့်မယ်။

၂၀၁၂ လယ်ယာမြေဥပဒေမှာ လုပ်ထုံးလုပ်နည်းတွေ အတိအကျရေးထားတယ်.. ပါပြီးသား .. ရှိပြီးသား… လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ရင် အမှားနည်းလိမ့်မယ်လို့ ယူဆတယ်။

လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အလွှဲသုံးစား ရင်တော့ ဒါက လာဘ်စားမူမြောက်တယ်။ ထိထိရောက်ရောက်အရေးယူဖို့လိုတယ်… မြေတိုင်း ဦးစီးမှူးလည်း ဒေသခံတွေရဲ့ ရေမြေအခြေအနေကို လေ့လာဖို့လိုတယ်။

နီးစပ်ရာမလို့ ထုတ်ပေးတယ်။ သူက အဆင့်အတန်းမရှိလို့ မထုတ်ပေးဘူး။ မလုပ်ပေးဘူးဆိုတဲ့ဟာမျိုးက အရမ်းကိုခံရခက်တယ်။

၂၀၁၂ လယ်ယာမြေဥပဒေ လုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီလို့ လယ်ယာမြေလုပ်ပိုင်ခွင့် ထုတ်ပေးလိုက်လို့ အချင်းချင်း မြေယာအငြင်းပွားနေကြသည့် တောင်သူလယ်သမားအချင်းချင်းသော်လည်းကောင်း ၊ ဓနရှင် (လုပ်ငန်းရှင်) နှင့် ဒေသခံတောင်သူလယ်သမားများအကြား အငြင်းပွားနေကြသည့် အမူများမကြာခဏကြား နေရတယ်။

ဒေသခံတွေက ဒီမြေက မိမိတို့ဘိုးဘွားပိုင်ဖြစ်ပြီး ဓလေ့အရလုပ်ကိုင်စားသောက်တာလို့သက်သေ ထွက်တယ်။ လုပ်ငန်းရှင် (ဓနရှင်) က မိမိက ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ (၇) ရှိထားတယ်ဆိုပြီး အငြင်း ပွားနေကြပါတော့တယ်။

ဒါဆို ၂၀၁၂ လယ်ယာမြေဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း လယ်ယာမြေပုံစံ (၇) ထုတ် ပေးရဲ့လားဆိုပြီးမေးခွန်းတွေမေးစရာဖြစ်လာပါတယ်။ သေချာတာကတော့ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ မြေယာတွေဟာ ၂၀၁၂ လယ်ယာမြေဥပဒေကြောင်းလည်ကောင်း ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေကြောင့် လည်းကောင်း လုံခြုံစိတ်ချမူမရှိတော့ဘူးဆိုတာကိုတော့ ငြင်းလို့မရဘူး။

ဒါကြောင့် စည်းလုံးညီညွတ်စွာဖြင့် ရိုးရာဓလေ့အရမြေယာအသုံးပြုရင်းနဲ့ ၂၀၁၂ လယ်ယာမြေဥပဒေကိုအနိင်ယူကြမလား။

၂၀၁၂ လယ်ယာ မြေဥပဒေကို ကိုင်ပြီး မိမိတို့၏လယ်ယာမြေများသင်းသတ်ကြမလား….. ဘယ်ဟာက လုံခြုံမူပိုရှိသလဲဆိုတာ အဖြေရှာနေဆဲ…… ရိုးရာဓလေ့အရကျင့်သုံးနေခြင်းက ဥပဒေကဲ့သို့ အစိုးရက အသိအမှတ်မပြုသေးပြန်ဘူး။

လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...