ကျိုက်မရောမြို့နယ်တွင် လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ပြည်ခိုင်ဖြိုးပါတီဝင် ထောင်ဒဏ် ၉ လ ချမှတ်ခံရ

ကျိုက်မရောမြို့နယ်တွင် လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ပြည်ခိုင်ဖြိုးပါတီဝင် ထောင်ဒဏ် ၉ လ ချမှတ်ခံရ
ဘုရားထီးတော်ပင့်ဆောင်ရန်သွားရောက်နေကြစဉ် (Southern Myanmar News)
ဘုရားထီးတော်ပင့်ဆောင်ရန်သွားရောက်နေကြစဉ် (Southern Myanmar News)

ရန်လင်းအောင် — မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ လူစုလူဝေးဖြင့် ဘုရားထီးတော်ပင့်ဆောင်ရန် ဦးဆောင်သူ ကော့ခလိန်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဝင် ဦးဇော်မင်းကို မေလ ၁၂ ရက်နေ့တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၉ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး မင်းအောင်က “ထောင်ဒဏ် ၉ လ ချလိုက်ပါတယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) နဲ့ပဲ သူ့ကို အကျဉ်းထောင်ပို့ရတော့မှာပါ သူက ဒီလိုဗျ ရှေ့နေတွေပါ ငှားပြီးတော့ ကွန်ပလိန်းတက်တာ အဲဒါကြောင့် ကြာသွားတာ သက်သေတွေလည်း များတယ် ” ဟု ဆိုသည်။

ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းသည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်၌ ကော့ခလိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သလို ၎င်း၏ပြိုင်ဘက် လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း NLD ပါတီဝင်အမာခံဖြစ်နေပြီး အုပ်စုတစ်ဖက်နှင့်တစ်ဖက်အတိမ်းအစောင်းမခံဖြစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

“ဘုရားထီးတင်ပွဲအတွက် ရွာလှည့်တဲ့ကိစ္စကို အခုအုပ်ချုပ်ရေးမှူးခွင့်မပြုဘူး တားထားတယ်။ ဒါပေမယ့် ဦးဇော်မင်းက မြို့နယ်နဲ့ အထက်ကို သူပြောလို့ပြီးတယ်ဆိုပြီး လုပ်ချပလိုက်တာ ခုလိုအရေးယူခံရတာပေါ့” ဟု ၎င်းရွာသွားက ဆိုသည်။

COVID 19 ရောဂါကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း ဆောင်းဘောက်စ်တင်ကားနှစ်စီး၊ ကျေးရွာသူ/သား ၁၅၀ ဦးကို  မော်တော်ယာဉ် ၁၈ စီးဖြင့်တင်ဆောင်၍ ဘုရားထီးတော်ပင့်ဆောင်ရန်  မတ်လ ၃၀ ရက်နေ့က လူစုလူဝေးလှည့်လည်ခဲ့သည့်အတွက် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက  ဧပြီလ ၁ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ၃၀ (က) ဖြင့် ဦးဆောင်သူ ဦးဇော်မင်းကို   တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Covid 19နဲ့ ပတ်သက်ပြီး လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို မေ ၁၅ ရက်နေ့အထိ မပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပြီး လိုက်နာမှု မရှိပါက ရာဇာသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...