သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးဝယ်ယူသူ ၃၇ ဦးကို KNU ဖမ်းဆီး၊ လူတစ်ဦး ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်းစီဒဏ်ငွေချမှတ်

သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးဝယ်ယူသူ ၃၇ ဦးကို KNU ဖမ်းဆီး၊ လူတစ်ဦး ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်းစီဒဏ်ငွေချမှတ်

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနှင့် စခန်းကြီးကျေးရွာအကြား အတွင်းစခန်းကြီးကျေးရွာရှိ ခြံတစ်ခြံ၌ မေလ ၇ ရက်နေ့ညပိုင်းက မူးယစ်ဆေးဝါးလာရောက်ဝယ်ယူသူ ၃၇ ဦးကို ကရင့်အမျိုးသားရဲတပ်ဖွဲ့ KNPF က ဖမ်းဆီးပြီး လူတစ်ဦးငွေကျပ် ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်း ဒဏ်ငွေချမှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မူးယစ်သုံးစွဲသူတစ်ဦးကို ၆ လစာဖြင့်ညီမျှသည့် ငွေဒဏ် ၅၀၀,၀၀၀ ကျပ်နှင့် ဆိုင်ကယ်တစ်စီးအတွက် ၆ လစာဖြင့်ညီမျှသည့်ငွေဒဏ် ၅၀၀,၀၀၀ ကျပ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ဒုရဲတပ်ဖွဲ့မှူး စောငြိမ်းချမ်း အမှတ်(၄) ရဲဌာန KNPF, ဝင်းရေးမြို့နယ် ဆိုသူက အမိန့်ချမှတ်ထားသည့် မိတ္တူစာတစ်စောင် မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

“ဖားပြရွာမှာ သွားရွေးရတာပါ၊ ရွာစုံက မွန်လူငယ်တွေချည်းပဲ အဖမ်းခံထိတာ၊ လွတ်တဲ့လူက လွတ်လာပြီ၊ လာမရွေးသေးတဲ့လူတွေ ကျန်သေးတယ်” ဟု ဒဏ်ငွေသွားရောက်ပေးဆောင်ခဲ့သူ အမည်မဖော်လိုသည့် ဝယ်ကလိရွာသားတစ်ဦးက ပြောသည်။

ယင်းသို့ ဒဏ်ငွေပေးဆောင်ရာ၌ နောက်နောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ကိစ္စရပ်များမပြုလုပ် မကျူးလွန်တော့ပါ၊ ထပ်မံကျူးလွန်မိပါက ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပြတ်သားစွာအရေးယူခံပါမည်ဟု မိမိကို မိမိတာဝန်ရှိလူကြီးမင်း၏ရှေ့မှောက်တွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေသည်ဟု သိရသည်။

“ ကျနော်တို့ ရွာသား ၁၀ ယောက်လောက်ပါတယ်လို့ သိရတယ်၊ နာမည်တော့ မသိရပါဘူး၊ သူတို့မိဘဆွေမျိုးတွေ တိတ်တိတ်လေး မသိမသာ သွားရွေးနေကြတယ်” ဟု အမည်မဖော်လိုသည့် ပငကျေးရွာသားတစ်ဦးက ပြောဆိုသော်လည်း မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများအား အပြစ်ရှိသူများအား တရားဥပဒေအရရေးယူရေးနှင့် အပြစ်မဲ့ပြည်သူများအား ပြန်လည်လွှတ်ပေးရေး ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီးမှတစ်ဆင့် JMC-S နှင့် KNU ဆက်ဆံရေးရုံးများသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း လူမှုကွန်ယက် Facebook စာမျက်နှာများတွင် တွေ့ရှိရသည်။

အထက်ပါဖြစ်စဉ်ကို အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက “ပြည်သူက အစိုးရ ၂ ခုနဲ ကြုံဆုံနေရပုံပါ၊ ၂ ဖက်အရေးယူတာခံနေရတယ်”ဟု သုံးသပ်သည်။



KNU ရဲတပ်ဖွဲ့ ပြစ်ဒဏ်ချမှတ်သည့် အမိန့်စာ (Copy)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...