မင်းပြား အမ်းသားကျေးရွာမှအမျိုးသမီးတစ်ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရ

မင်းပြား အမ်းသားကျေးရွာမှအမျိုးသမီးတစ်ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယမန်နေ့က လက်နက်ငယ် ကျည်ဆံထိမှန်ဒဏ်ရာရသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသော အမျိုးသမီးမှာ အမ်းသားကျေးရွာမှ ဒေါ်အေးချမ်းခိုင် အသက် ၃၆နှစ်ဖြစ်ပြီး မင်းပြားပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုသခံလျက်ရှိကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ဒေါ်အေးချမ်းခိုင်က "ကျမက အိမ်မှာထိုင်ပြီး ဆိုင်ရောင်းနေတာပါ။ အဲဒီအချိန်မှာ ကျမရဲ့ ဘယ်ဖက်ခြေသလုံးကို လက်နက်ငယ်ကျည်ထိမှန်သွားခဲ့တယ်။ ကျည်က ရွာအရှေ့ဖက်တောင်တန်းဆီက လာတာပါ။ ဆေးရုံရောက်တော့ အဲဒီ ကျည်ကိုထုတ်ထားပါပြီ" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမ်းသားကျေးရွာသည် မင်းပြား ရာမောင်တံတား၏ အနောက်ဖက်တွင် တည်ရှိပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လက်နက်ငယ်ကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်း ရှိ/ မရှိကိုမသိရကြောင်း၊ တောင်တန်းတစ်လျှောက်တွင် လက်နက်ကြီး ပစ်ခတ်သံ များကြားရကြောင်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကို မြင်တွေ့ရကြောင်း သူမက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဦးလှအောင်ညွှန်တို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၎င်း အမ်းသားကျေးရွာအနီးတွင် ယခင်ကလည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...