နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း စစ်သည်တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း စစ်သည်တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားတစ်ဦးတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းနှင့်စပ်ဆက်နေသည့် ဌာနများကို Lock Down ချထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကိုပြောသည်။

“တပ်မတော်က ဒီနေ့တွေ့တဲ့ Covids-19နဲ့ ပါတ်သက်ပြီး စစ်ဆေးနေတုန်းဘဲရှိတယ်။ဒီဖြစ်စဉ်ကို Covids-19ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုတော့ တင်ပြထားပါတယ်။အဲ့ကနေတဆင့် ထပ်ထုတ်ပြန်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ စစ်သည် သည်လွန်ခဲ့သည့် ၁၄ရက်အတွင်းခရီးသွားရာဇဝင်မရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

ဧပြီလ ၃၀ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်သည်တစ်ဦးသည် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းလျှော ဝမ်းပျက်ဖြစ်ခြင်း၊ ရောဂါများ ခံစားနေရသဖြင့် မေလ တစ်ရက်နေ့တွင် COVID -19 ရောဂါနှင့်ပတ်သက်ပြီး အထူးပြင်ဆင်ထားသော နယ်မြေခံ တပ်မတော်ဆေးရုံရှိ ကုသဆောင်၌ သီးခြားစောင့်ကြည့်ပြီး ကုသမှုဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်သည်၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူပြီး PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရာ မေလ ၄ရက်နေ့ နံနက် ၄နာရီခွဲတွင် ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိပြီး၊ အဆိုပါစစ်သည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါစစ်သည်နှင့် ဆက်စပ်တွေ့ရှိမှုရှိခဲ့သူများကို လိုအပ်သည့်ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့် ကြည့်ရှုခြင်းများ ဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၌ သင်တန်းတက်ရောက်နေသည့် တပ်မတော်သား ငါးဦးထံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံသူ ကုလသမဂ္ဂရုံး ဝန်ထမ်းတစ်ဦးထံမှ အဆိုပါရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိတွင် သက်သာပျောက်ကင်းသဖြင့် ဆေးရုံဆင်းထားပြီဖြစ်သည်။

ယနေ့တွင် COVID-19 လူနာ ခြောက်ဦးထပ်မံတွေ့ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။.

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...