ထိုင်းနိုင်ငံတောတွင်းတစ်နေရာ နှစ်ပတ်ကြာ ပိတ်မိခဲ့သူ မြန်မာ ၈ ဦး ဘုရားသုံးဆူသို့ ရောက်ရှိလာ

ထိုင်းနိုင်ငံတောတွင်းတစ်နေရာ နှစ်ပတ်ကြာ ပိတ်မိခဲ့သူ မြန်မာ ၈ ဦး ဘုရားသုံးဆူသို့ ရောက်ရှိလာ
Photo- ထိုင်းပြန် ၈ ဦးကို ဘုရားသုံးဆူပရဟိတအသင်းမှ အကူအညီများ သွားရောက်ပေးအပ်စဉ် (အောင်စိုး)
Photo- ထိုင်းပြန် ၈ ဦးကို ဘုရားသုံးဆူပရဟိတအသင်းမှ အကူအညီများ သွားရောက်ပေးအပ်စဉ် (အောင်စိုး)

ထိုင်းနိုင်ငံတောတွင်းတစ်နေရာ၌  နှစ်ပတ်ကြာ ပိတ်မိနေခဲ့သော ထိုင်းပြန် ၈ ဦးတို့ ဧပြီ ၂၃ နံနက်အစောပိုင်းတွင် ဘုရားသုံးဆူမြို့အနီး ကြံတောရွာရှိ ရာဘာခြံတစ်ခုသို့ ရောက်ရှိလာကြောင်း သိရသည်။

“ပွဲစား ဆက်မပို့ရဲတော့ လမ်းတစ်ဝက်မှာ ချထားလိုက်တယ်၊ လမ်းမှာအကုန်လုံး ၁၄ ရက်ကြာ သွားတယ်၊ သုံးစရာငွေတွေလည်း ပြတ်တော့မယ်၊ စားစရာ ကိုယ့်ဟာကိုယ် ဝယ်စားရတယ်၊ စေတနာရှင်တစ်ဦးနဲ့ အဆက်အသွယ်ရပြီး ဒီကို ရောက်အောင် ပို့ပေးခဲ့တာ” ဟု ဘုရားသုံးဆူမြို့ ပရဟိတစေတနာရှင်တစ်ဦးဖြစ်သူ ကိုအောင်စိုးက ပြောသည်။

အဆိုပါထိုင်းပြန်များမှာ  အမျိုးသား ၄ ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦး ဖြစ်ကြသည်၊ ညောင်လေးပင်၊ တောင်ငူ၊ နေပြည်တော်၊ မုံရွာသို့ ပြန်မည့်သူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ Quarantine စခန်းများသို့ ပို့ဆောင်ရန် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်ဟု ကိုအောင်စိုးက ဆက်ပြောသည်။

ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားအနေဖြင့် ယင်းကဲ့သို့ အိမ်အပြန်လမ်းတစ်ဝက်တွင် အခက်အခဲများကြုံတွေ့ပါက ထိုင်းနိုင်ငံအခြေစိုက် The Labour Protection Network-LPN ဖောင်ဒေးရှင်းသို့ မြန်မာဘာသာဖြင့် ဖုန်း 096 965 2384 သို့ ဆက်သွယ်၍အကူအညီကောင်းခံနိုင်ကြောင်း နယ်စပ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ BHI တာဝန်ခံ ဆရာမ မိစိုက်ခမားနွန်က ပြောသည်။

“ပွဲစားတွေလမ်းတစ်ဝက်မှာပစ်ထားတာမျိုးတို့ဆိုရင်လည်း LPN က အကူအညီပေးခဲ့တာပဲ၊ ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကို အကူအညီပေးနေတဲ့အဖွဲ့အစည်းပါ၊ လိုအပ်ရင်ဆက်သွယ်လိုက်ပါ” ဟု မိစိုက်ခမားနွန်က ဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများဧပြီလကုန်ပြီးမှ မိမိနေရပ်ပြန်ကြရန် ထိုင်းအစိုးရရော မြန်မာအစိုးရပါ ကြေငြာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။

ထို့အတူ မော်တော်ယာဉ်လိုင်းကားများနှင့် အိမ်စီးကားများအနေဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှ စံခလပူရီ-ဘုရားသုံးဆူမြို့သို့ မြန်မာအလုပ်သမားများကို တင်ဆောင်ခွင့်မပြုရဟု စံခလပူရီမြို့ပိုင်က အမိန့်ထုတ်ထားပြီး ဖမ်းဆီးမိပါက ထောင်ဒဏ် ၂ နှစ်(သို့မဟုတ်) ဘတ်ငွေ ၄ သောင်း (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်လုံးချမှတ်ခံရမည်ဟု သိရသည်။

သို့ရာတွင် ပြီးခဲ့သည့်သီတင်းပတ်က ဘုရားသုံးဆူမြို့အနီး ရာဘာခြံတစ်ခုသို့ မော်တော်ယာဉ်လိုင်းကားများဖြင့် ရောက်ရှိလာသော ထိုင်းပြန် ၂၂ ဦးတို့ကို မြို့ထဲအဝင်မခံသဖြင့် ရာဘာခြံများ၌ ၄ ညခန့်သောင်တင်ခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး CBFQ စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...