Covid-19 ကာကွယ်ရေး လိုင်ဇာမြို့ဝင်ပေါက်များကို ပိတ်ထား

Covid-19 ကာကွယ်ရေး လိုင်ဇာမြို့ဝင်ပေါက်များကို ပိတ်ထား
လိုင်ဇာမြို့ဝင် Quarantine နေရာသတ်မှတ်အဖွင့်ဆုတောင်းပွဲ (ဓါတ်ပုံ-covidninghkap comiti)
လိုင်ဇာမြို့ဝင် Quarantine နေရာသတ်မှတ်အဖွင့်ဆုတောင်းပွဲ (ဓါတ်ပုံ-covidninghkap comiti)

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် Covid -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုအတွက် မြို့အဝင်အထွက် သွားလာမှုများ အားလုံးကို ပိတ်ထားကြောင်း သိရသည်။

လိုင်ဇာမြို့အတွင်း ပုံမှန်အဝင်အထွက်လမ်းများနှင့် တရုတ်နယ်စပ်ဂိတ်များကို မတ် ၃၁ ရက်ကစ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကာ သီးခြားထားရှိ စောင့်ကြည့်ရေး Quarantine နေရာများကိုလည်း ပြင်ဆင်ထားပြီဟု KIO Covid -19 ကာကွယ်ရေးကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ လိုင်ဇာမှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ဗဟိုဌာနချုပ်မှ ကော်မတီဖွဲ့ပေးတယ်။ အဲဒီမှာ ကျွန်တော်တို့ ဖွဲ့တဲ့အချိန် အစပိုင်းမှာ ပြည်သူတွေကိုပညာပေးတဲ့ အပိုင်းတွေ အများအားဖြင့် လုပ်တယ်။ ခု ဒီအတောအတွင်း ပိုပြီးတော့ ကျွန်တော်တို့မြို့အတွင်းကို အဘက်ဘက်ကနေမှ အဝင်အထွက်အဆက်အသွယ်မရှိစေရန် လုပ်ဆောင်နေကြတာ နှစ်ပတ်လောက်တော့ ရှိပြီ” ဟု လိုင်ဇာမြို့ Covid-19 ကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ကချင်သတင်းဌာန KNG သို့ပြောသည်။

ရောဂါဖြစ်ပွားသောနယ်မြေ နှင့် အခြားနယ်မြေဘက်မှ ဝင်လာမည့် ဒေသခံများကို စောင့်ကြည့်မည့် Quarantine နေရာကို Mai Sak Pa တွင် ဆောက်လုပ်ထားပြီး ဧပြီ ၇ ရက်နေ့တွင် အဖွင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု KIO ကိုဗစ်တိုက်ဖျက်ရေးကော်မတီထံမှ သိရသည်။

ထို့အပြင် တရုတ်အစိုးရ ကျန်းမာရေးဝန်ထမ်းများက လိုင်ဇာဘက်ကို လာရောက်ကြည့်ရှုမှုများ ရှိကြောင်း သိရသည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...