မြစ်ကြီးနားမြို့ Lockdown ချရန် အစီအစဉ် မရှိသေး

မြစ်ကြီးနားမြို့ Lockdown ချရန် အစီအစဉ် မရှိသေး

Ah Je - ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် COVID-19 ရောဂါပိုးတွေ့သူ မရှိသေးသောကြောင့် မြို့ကို Lockdown ချရန် အစီအစဉ်မရှိသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

"ဒီမှာက တကယ်ကို ပိုးတွေ့ပြီး အဲဒီလူ မြို့ထဲမှာ ပိုးမတွေ့ခင် လျှောက်သွားတဲ့ နေရာတွေမှာပဲ Lockdown ချမှာပေါ့။ မြစ်ကြီးနားမှာ ပိုးတွေ့တဲ့ လူမှ မရှိသေးတာ။ စစ်တဲ့လူတွေကလည်း ပိုးမတွေ့ဘူးလေ။ ဒါကြောင့် Lockdown ချဖို့က လုံးဝ အစီအစဉ် မရှိပါဘူး" ဟု ဦးသန်းဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့၌ ပြည်ပနိုင်ငံများမှ အဝင်အထွက် နည်းပါးလာပြီး စောင့်ကြည့်သူများမှာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။

မြစ်ကြီးနားမြို့တွင် Lockdown ချသင့်သော်လည်း လက်လုပ်လက်စား ပြည်သူ များပြားသောကြောင့် ချသင့် မချသင့်မှာ အစိုးရအပေါ် မူတည်ကြောင်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။

မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး နှင့် သေဆုံးသူ ၁ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...