BNI အဖွဲ့ဝင် အဖွဲ့အစည်းအချို့ ဝက်ဆိုဒ်များ ပိတ်ပင်ခံရ

BNI အဖွဲ့ဝင် အဖွဲ့အစည်းအချို့ ဝက်ဆိုဒ်များ ပိတ်ပင်ခံရ

အဖွဲ့ဝင် အဖွဲ့အစည်းအချို့၏ ဝက်ဆိုက်ဒ်များကို ပိတ်ပင်မှုများမလုပ်ရန် တိုင်းရင်းမီဒီယာများ ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် BNI Multimedia Group က မတ်လ ၂၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

BNI Multimedia Group အဖွဲ့ ဝင် တိုင်းရင်းသတင်းဌာနအချို့၏ အွန်လိုင်းသတင်းစာမျက်နှာများ ပိတ်ပင် ခံရခြင်းသည် စစ်ရေးပဋိပက္ခအပြင် Covid-19 ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်ပွားနေခြင်း ကိစ္စရပ်များနှင့် ပတ် သက်၍ ပြည်သူများထံ သတင်းအချက်အလက်မှန်များ ရရှိရေးကို ထိခိုက်စေသည်ဟု ပြောသည်။

BNI ၏ အဖွဲ့ ဝင်ဖြစ်သည့် သံလွင်တိုင်းမ်း သတင်းဌာန အယ်ဒီတာချုပ် နိုင်ကိုကိုဇော် က “အဓိကက တိုင်း ရင်းသားတွေရဲ့ သတင်းမှန်သိပိုင်ခွင့်တွေ အဲ့ဒီဟာတွေအတွက်ကို ဆုံးရှုံးတယ်ပေါ့။ အဲ့ဒါမျိုးတွေကို ဆက်မ လုပ်ဖို့ပါ။ BNI အဖွဲ့ဝင်တွေက တိုင်းရင်းသားဒေသတွေမှာရှိတယ်လေ။ အခုက MPT တို့ Mytel တို့ကနေ ပိတ်လိုက်တာဟာ တိုင်းရင်းသားသတင်းမှန်သိပိုင်ခွင့်တွေ ဆုံးရှုံးရတယ်။ အဓိကတော့ ဆက်မပိတ်ဖို့ပေါ့၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာလည်း အရေးကြီးတဲ့ အချိန်ဖြစ်နေတယ်။ နောက် ကိုရိုနာဗိုင်းရပ်စ်က လည်း သတင်းအမှန်ရဖို့ ကြိုးစားနေရတဲ့ အနေအထားဖြစ်တယ်လေ။ တိုင်းရင်းသားဒေသတွေမှာလည်း အခက်အခဲတွေရှိတယ်လေ။ အဲ့ဒါကြောင့်ပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခုဖြစ်သည့် နိရဉ္ခရာသတင်းဌာန နှင့် Development Media Group (DMG) တို့၏ အင်တာနက်စာမျက်နှာများကို မတ်လ ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် MPT နှင့် MyTel ဝန်ဆောင်မှုများမှတဆင့် ဝင်ရောက်ဖတ်ရှုခွင့် မရရှိတော့ခြင်းဖြစ်သည်ဟု BNI က ပြောသည်။

DMG သတင်းဌာန၏ ဝက်ဘ်ဆိုက် တာဝန်ခံ ကိုညိုထွန်း က “၂၄ ရက်နေ့ကစပြီးတော့ DMG မြန်မာ ဝက်ဘ်ဆိုက်ကို ဖုန်း Sim Card တွေနဲ့ ဝင်လို့မရတော့ဘူး။ Wifi တွေနဲ့တော့ ရတယ်။ ပုဂ္ဂလိက Wifi တွေ နဲ့တော့ ရတယ်။ အဓိက ဖြစ်နေတာက Sim Card က ဖြစ်နေတာပါ။ MPT နဲ့ Mytel နဲ့တော့ မရတော့ဘူး။ အဲ့ဒါနဲ့ ပတ်သက် ပြီး Mytel က တာဝန်ရှိသူတစ်ယောက်ကို ဆက်သွယ်တော့ သူတို့ဆီမှာ ညွန်ကြားစာရ တယ်ပေါ့၊ အဲဒီညွှန်ကြားစာထဲမှာပါတဲ့ စာရင်းတွေကို ပိတ်တာပေါ့၊ ဝင်ရောက်ခွင့် ကန့်သတ်လိုက်တာပါတဲ့။ အဲ့လိုပြောတယ်” ဟု ပြောသည်။

ထို့အပြင် ကရင်သတင်းဌာန၏ အင်္ဂလိပ်ပိုင်း သတင်းစာမျက်နှာကိုလည်း မတ်လ ၂၆ ရက်နေ့က စတင်ပြီး ဝင်ရောက်ဖတ်ရှုခွင့် မရတော့ဘူးဟု သိရသည်။

BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖော့ဂေက “ဒီအချိန်က သတင်းမီဒီယာတွေ ပြည်သူ့ထံ သတင်း မှန် ပေးပို့နိုင်ရေးဟာ အရေးအကြီးဆုံးအချိန်ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရ ချီတက်နေတဲ့ ကျမတို့ နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခ အခြေအနေတွေနဲ့ လတ်တလော ရင်ဆိုင်နေ ရ တဲ့ Covid 19 ကမ္ဘာ့ကူးစက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူး သဖြင့် ပြည်နယ်အခြေဆိုက် မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထု ပရိသတ်တွေကို သတင်းအမှောင် ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာ ရောက်နေပါတယ်” ဟု ပြော သည်။

ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Mytel ဖုန်းအင်တာ နက်လိုင်းများမှ ဝင်ရောက်ဖတ်ရှု၍ မရတော့သည့် သတင်းဖော်ပြမှု အခက်အခဲများ ရှိနေကြောင်း သက် ဆိုင်ရာ သတင်းဌာနများကလည်း အတည်ပြုပြောဆိုလာသည်ဟု BNI ၏ ယနေ့ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းမှား၊ သတင်းတုများ၊ အမုန်းစကားဖြန့်သည့် အင် နက်စာမျက်နှာများနှင့် ညစ်ညမ်း (လိင်ဖျော်ဖြေရေး) ဝက်ဆိုဒ်များကို ပိတ်ရန် မတ်လ ၂၃ ရက်နေ့က စတင် ပြီး ညွန်ကြားထားသည်။

သို့သော်လည်း ယခုပိတ်ခံရသည့် သတင်းမီဒီယာအဖွဲ့များသည် အစိုးရထံ တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများဖြစ်သည်။ ထို့အပြင် သတင်းမှား/တု များ ဖြန့်ဝေနေသည့် သတင်းဌာနများမဟုတ်ပဲ တိုင်းရင်းသား ပြည်နယ်များအတွက်လည်း သတင်းမှန်ရရှိရေး အရေးကြီးသည့် သတင်းဌာနများ ဖြစ်သည်။

ထို့ကြောင့် အရပ်သားအစိုးရဖြစ်သည့် NLD အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် သတင်းဌာနများအပေါ် ဆက်သွယ်ရေးအော်ပရေတာများက ဝက်ဘ်ဆိုက်စာမျက်နှာများကို ပိတ်ပင်မှုများကို မပြုလုပ်ရန် BNI က တောင်းဆိုထားသည်။

ထို့အပြင် စစ်ရေးပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်း များ ဖြတ်တောက်ထားခြင်းကိုလည်း ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်ဖော်ရေး သားခွင့်များအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) အနေဖြင့် ကူညီဆောင်ရွက်ပေးစေ လို ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...