မွန်ပြည်နယ်တွင် COVID-19 သံသယလူနာ ထားရှိရန် ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထား

မွန်ပြည်နယ်တွင် COVID-19 သံသယလူနာ ထားရှိရန် ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထား
Photo- မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံများကို လိုက်လံစစ်ဆေးစဉ်(မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး
Photo- မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံများကို လိုက်လံစစ်ဆေးစဉ်(မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး

အဂ္ဂနွန် (မော်လမြိုင် ) - အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မြန်ရောဂါသံသယ စောင့်ကြည့်လူနာ ထားရှိရန် မွန်ပြည်နယ်တွင် ကုတင် ၈၀၀ နီးပါး ပြင်ဆင်ထားရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

“တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင် လူ ၃၀၃ ယောက် လုပ်နိုင်ဖို့ စီစဉ်ပြီးသားပေါ့နော်၊ နောက်တစ်ခုကတော့ facility quarantine သတ်မှတ်ထားတဲ့နေရာမှာခေါ်ယူစောင့်ရှောက်ခြင်း ပေါ့နော်။ တကယ်လို့ ဆေးရုံမှာ မဆံ့တာတို့၊ ဘာတို့ အဲဒီလိုမျိုးဆိုလို့ရှိရင် facility quarantine ကလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် စီစဉ်တာ။ တစ်ပြည်နယ်လုံး ဆိုလို့ရှိရင် ထားရှိနိုင်ဖို့ လူနာအရေအတွက် ၄၉၀ ယောက်စာ စီစဉ်ထားတယ်” ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

ထို့အတူ  COVID-19 သံသယလူနာများ ကုသထားရှိရန်  မြို့နယ်အလိုက် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း လက်ရှိတွင် COVID-19 သံသယစောင့်ကြည့်လူနာ ၂ ဦးနှင့် ဆေးရုံမှာ quarantine စောင့်ကြည့် လူနာ ၁၀ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

COVID-19 သံသယ စောင့်ကြည့်လူနာ ၂ဦးနှင့် quarantine စောင့်ကြည့် လူနာ ၂ ဦးတို့ ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ ဓာတ်ခွဲခန်းကို ပေးပို့ထားပြီး ၄ ဦးအနက် ၁ ဦးက ပိုး မတွေ့ရှိဘဲ ကျန်  ၃ ဦးကိုလည်း စစ်ဆေးဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပြည်တော်ပြန် မြန်မာလုပ်သားများကို ကျန်းမာရေးစစ်ဆေးပြီး home quarantine အနေဖြင့် အိမ်တွင်း သီးခြား ၁၄ ရက် နေထိုင်ရန် သက်ဆိုင်ရာများက ညွှန်ကြားထားသည်။

မတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါကူးစက်ခံရသူ ၃ ဦး ရှိပြီဖြစ်သည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...