ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နှငမြန်မာနယ်စပ်တလျှောက် ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်

ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်နှငမြန်မာနယ်စပ်တလျှောက် ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်
ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် အပူချိန်တိုင်းတာနေစဉ်(Facebook)
ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် အပူချိန်တိုင်းတာနေစဉ်(Facebook)

ထိုင်းနိုင်ငံ၏ Covid-19 အရေးပေါ်အစီအစဉ်အရ ကန်ချနပူရီပြည်နယ်နှင့် ဆက်သွယ်လျက်ရှိသော မြန်မာနယ်စပ်တလျှောက်လမ်းကြောင်းများကို မတ် ၂၁ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

လူနာအရေအတွက်လျင်မြန်စွာကူးစက်တတ်သော အန္တရာယ်ရှိရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရန်အတွက် ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူး Jirakiat Phumisawat က  မတ် ၂၀ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Mueang Kanchanaburi ခရိုင်၊ Ban Phu Nam Ron၊ Ban Kao ခရိုင်၊ ထီးခီးစစ်ဆေးရေးဂိတ်၊ ထားဝယ်ဘက်အခြမ်းနှင့် စံခလပူရီ Sangkhla Buri ခရိုင်၊ Nong Lu ခရိုင်၊ ကယ်ဆယ်ရေးစခန်းများ၊ ဘုရားသုံးဆူရွာ Ban Phra Chedi Sam Ong၊ ဘုရာသုံးဆူဘက်အခြမ်းသို့ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိသည်အထိ ထိုင်းနိုင်ငံသားများ ခရီးသွားလာခွင့်ကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမိန့်ကြေငြာစာတွင် ရှင်းလင်းဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ၅၀ ဦး ယနေ့တွင် ထပ်မံတိုးလာသည့်အတွက် စုစုပေါင်း လူနာ ၃၂၂ ဦး ဆေးဝါးကုသခံနေရဆဲဖြစ်သည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...