မွန်တွင် ပထမဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်ပြည့် လူငယ် တစ်သိန်းခွဲကျော် ရှိ

မွန်တွင် ပထမဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်ပြည့် လူငယ် တစ်သိန်းခွဲကျော် ရှိ

ရန်လင်းအောင် — လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးကြမည့်လူငယ် အရေအတွက်တစ်သိန်းခွဲကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။

 “မွန်ပြည်နယ် ၂၀၂၀ မဲစာရင်းက ၁၇ သိန်းကျော်ရှိတယ်၊ ၂ သိန်းကျော်လောက် တိုးလာတယ်၊ ၂ သိန်းကျော်မှာလည်း လူငယ်မဲဆန္ဒရှင်တွေ ပိုများလာတယ်၊ ပြည်ထောင်စုကပြောထားတာ တစ်နိုင်ငံလုံးမှာ ၄ သန်းကျော်ရှိတယ်၊ မွန်ပြည်နယ်မှာ ၁သိန်းခွဲကျော်ရှိတယ်” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ရွေးကောက်ပွဲများ၌ မွန်ပြည်နယ်မဲပေးခွင့်ရှိသူ ၂၀၁၀ တွင် ၁၀ သိန်းကျော်၊ ၂၀၁၅ တွင် ၁၅ သိန်းကျော်ရှိခဲ့ပြီး ၂၀၂၀ တွင် ၁၇ သိန်းကျော်ရှိလာမည် ဖြစ်သည်။

ကောင်းမွန်သည့်ကိုယ်စားလှယ်ရရှိစေရန် မိမိကိုယ်ကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်ရှိ လူငယ်များအနေဖြင့်  လာမည့်ရွေးကောက်ပွဲတွင် မပျက်မကွက်မဲပေးဖို့လိုအပ်သည်ဟု ပထမဦးဆုံး မဲပေးမည့်လူငယ် ကိုဗညားအောင်က ဆိုသည်။

“ဒီ၂၀၂၀ရောက်မှ မဲပေးဖို့ အသက်ပြည့်တဲ့အတွက် ကျွန်တော်အနေနဲ့ ပထမဦးဆုံး မဲပေးခြင်းပဲပေါ့၊ လူငယ်တစ်ယောက်အနေနဲ့တော့ မဲပေးဖြစ်မှာပါ၊ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်လည်း ကျေပွန်အောင် ၊ ညံ့ဖျဉ်းအသုံးမကျတဲ့ ကိုယ်စားလှယ်တွေ မဲအနိုင်မရစေရအောင် ကောင်းမွန်တဲ့ ကိုယ်စားလှယ်တွေ ရဖို့ ကိုယ်ကိုယ်တိုင် ရေးချယ်နိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မဲပေးမည့် လူငယ်တွေအနေဖြင့် မဲပေးရာတွင် သိရှိလိုက်နာရမည့် (Voter Education) အများကြီး လိုအပ်နေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူငယ်မဲဆန္ဒရှင် ၄ သန်းကျော်ပိုလာသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...