ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၄ နိုင်ငံတွင် လူပေါင်း ၁၁၈,၀၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူပေါင်း ၄,၃၀၀ ခန့်အထိ ရှိနေသည့်အတွက် ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  မတ်လ ၁၂ ရက်တွင် ကြေညာလိုက်သည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း တရုတ်နိုင်ငံ ပြင်ပ၌ ကူးစက်မှု ၁၃ ဆအထိ တိုးလာသလို ကူးစက်ခံရသည့် နိုင်ငံများသည်လည်း ၃ ဆ တိုးလာသည့်အပေါ် စိုးရိမ်သည့်အတွက် ကမ္ဘာအနှံ့ ပျံ့နှံ့သည့် ကပ်ရောဂါအဖြစ် ကြေညာရန် ဆုံးဖြတ်ခဲ့ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က Geneva ရုံးချုပ်၌ သတင်းထောက်များကို ပြောကြားသည်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၀,၀၀၀ ကျော် သေဆုံးသူ ၃၀၀၀ ကျော်အဆိုးဆုံးဖြစ်ပြီး အီတလီနိုင်ငံတွင် သေဆုံးသူ ၈၀၀ ကျော်နှင့် ကူးစက်သူ ၁၂,၀၀၀ ကျော်၊ အီရန်နိုင်ငံတွင် သေဆုံးသူ ၃၅၀ ကျော်နှင့် ကူးစက်သူ ၉၀၀၀ ကျော်၊ တောင်ကိုရီးယားတွင် သေဆုံးသူ ၆၀ ကျော်နှင့် ကူးစက်သူ ၇,၇၀၀ ကျော်အထိ ရှိသည်ဟု သတင်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း လူနာ (၁၆) ဦး အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Photo- WHO

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...