ကျောက်တော်မြို့ပေါ်သို့ စစ်ဘေးရှောင် ပြည်သူ ၄၀၀ နီးပါး ရောက်ရှိလာ

ကျောက်တော်မြို့ပေါ်သို့ စစ်ဘေးရှောင် ပြည်သူ ၄၀၀ နီးပါး ရောက်ရှိလာ

ချစ်အိလှိုင် — ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်သို့ စစ်ဘေးဒုက္ခသည် ၄ဝဝ နီးပါး  ခိုလှုံရန် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့ နေပူခံ စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးဒုက္ခသည် (၃၀၀) နီးပါး လက်ရှိ အချိန်ထိ ရောက်ရှိလာပြီး ပြည်တော်သာရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင်လည်း ျဂင့်ခရားစေ့ ကျေးရွာသား(မြိုလူမျိုး) ၈ဝ ဦး ရောက်ရှိလာကြောင်းသိရသည်။

စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအခက်အခဲများ ရှိနေကြောင်း နေပူခံ စစ်ရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းခင်ကပြောသည်။

“ဒီနေ့(မတ် ၁၂)မနက် ၈ နာရီလောက်က လုပ်ထားတဲ့စာရင်းက ၂၄၆ ယောက်။ အခုလည်း ထပ် ရောက်လာကြတယ်။ အခု နံနက် ၁၁ နာရီထိလောက်က ၃ဝဝ နီးပါးထိ ရှိသွားပြီ။ ဘယ်လိုနေရာ ချပေးရမလဲဆိုတာ မသိတော့ဘူး။ လူဦးရေက များလာတယ်လေ”ဟု ၎င်းက ပြောသည်။

၎င်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံရောက်ရှိနေသူများမှာ ကျောက်တော်မြို့နယ် မုသန်းပြင်၊မီးဝ၊ ပြိုင်းတိုင်း ၊ လောင်းရှည်၊ ကျော်ရွှီပြင်၊ ကျောက်တန်း၊ တင်းမ၊ ျဂင့်ခရားစေ့၊ အောင်သာယာကျေးရွာများမှ ဒေသခံများ ဖြစ်ကြသည်။

မုန့်သန်းပြင်ကျေးရွာတွင် အိမ်ခြေ ၆၆ ဆောင်ရှိပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အားလုံး မီးလောင်သွားပြီဟု ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးလာသူ မုန့်သန်းပြင်ကျေးရွာမှ ဒေါ်မြအေးရီက ပြောသည်။ ယင်းအပြင် ကျော်ရွှီပြင်ကျေးရွာတွင် နေအိမ်အချို့ မီးလောင်သွားပြီဟု ကြားသိရကြောင်းလည်း ၎င်းကပြောသည်။

မီးဝအုပ်စု ဂြင့်ခရားစေ့ကျေးရွာအနီး တိုက်ပွဲများဖြစ်သဖြင့် ကြောက်လန့်ထွက်ပြေးလာသူ မြို လူမျိုး ၈ဝ ဦးမှာလည်း ပြည်တော်သာရပ်ကွက် ခရစ်ယာန်ကျောင်းတွင် နေထိုင်နေရကြောင်း ယင်းရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

စစ်ဘေး တိမ်းရှောင်လာသည့်  မြိုလူမျိုးတစ်ဦးဖြစ်သူ ဦးကျော်ဆွေကလည်း” ရွာကနေ ဒီကျောက်တော်အထိ ခြေထောက်နဲ့ ပြေးလာကြတာပါ။ ကျွန်တော်တို့ ရွာနားမှာ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ ဘယ်လိုမှ နေလို့မရတော့ဘူး၊ ကြောက်တယ်။ ကလေးတွေ ၊ မိန်းမတွေ အကုန် ဒီဘုရားကျောင်းကို ပြေးလာကြတာ” ဟု ပြောသည်။

 ကျောက်တော်မြို့နယ် မီးဝဗျူဟာကုန်းအနီးတွင် မတ်လ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး တပ်မတော်ဘက်မှ ဂျက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

၎င်းနှင့် အနီးတဝိုက် ကျေးရွာများဖြစ်သော မုသန်းပြင်ကျေးရွာတွင် မတ်လ ၁၁ ရက်က ရွာလုံးကျွတ် မီးလောင်ကျွမ်းပြီး ပြိုင်းတိုင်းကျေးရွာတွင်လည်း အနည်းဆုံး နေအိမ် အလုံး ၅ဝ ခန့် မီးလောင်ကျွမ်းသွားကြောင်း စစ်ဘေး တိမ်းရှောင်လာသူ ဒေသခံများက ပြောသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...