မောင်တောမြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းခန့် ဖမ်းမိ

မောင်တောမြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းခန့် ဖမ်းမိ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၏ အနောက်ဘက် နယ်စပ်မြို့တော်ဖြစ်သည့် မောင်တောမြို့ပေါ်တွင် မတ်လ ၂ ရက် ညနေ စိတ်ကြွ ယာဘားဆေးပြား ၅ သိန်းခန့် ဖမ်းမိသည်ဟု  သတင်းရရှိသည်။

၎င်းဆေးပြားများ ဖမ်းဆီးရမိခြင်း ဟုတ်မှန်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ဘယ်ကို သယ်ဖို့ လုပ်တာလဲတော့ မသိဘူး။ Hilux ကားပေါ်ကို ပစ္စည်းတွေ တင်နေတာ သတင်းရတော့ ညနေ ၄ နာရီခန့်က သွားဖမ်းတာ။ အဲတော့ ကားပေါ်မှာ ပစ္စည်းတွေ တွေ့တယ်။ နောက်ပြီးတော့ ဂိုဒေါင်ထဲမှာလည်း ပစ္စည်းတွေ တွေ့တာပေါ့။ ဒီမှာကတော့၊ လောလောဆယ် မိတာကတော့ ၅ သိန်း နီးပါးပေါ့ဗျာ။ အထုတ်က များတော့ ရေလို့ မရဘူး။ အပြားအရေအတွက် ၅ သိန်းလောက် ရှိမှာပေါ့။ ရဲတပ်ဖွဲ့က စျေးနှုန်း သတ်မှတ်တာက တစ်ပြားကို ၂၀၀၀ နှုန်းနဲ့ သတ်မှတ်တာပေါ့” ဟု ဦးစိုးအောင်က ပြောသည်။

ကားကိုရပ်ပြီး ကားပေါ်တွင်ပါလာသည့် ပစ္စည်းများကို အလုပ်သမားများက ဂိုဒေါင်ထဲသို့ သယ်ယူနေစဉ် သွားရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဦးစိုးအောင်က ဆက် ပြောသည်။

“ပိုင်ရှင်က မမိလိုက်ဘူးဗျ။ ပိုင်ရှင်က ထွက်ပြေးသွားတယ်။ အဲဒီကနေ ဆက်တိုက် ကားပိုင်ရှင် အိမ်ကိုလိုက်တော့ အိမ်မှာလည်း မိသားစုက မရှိတော့ဘူး။ လူက မမိလိုက်ဘူး။ ဒါကတော့ တရားခံ မဟုတ်သေးတဲ့အတွက် ပြောလို့ မကောင်းဘူးလေ။ မောင်တောမြို့ပေါ်ကပါ” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းကို ကြားသိရကြောင်း၊ မောင်တောမြို့ပေါ် ဦးဥတ္တမလမ်း မြန်မာ့ခေတ်မီ စာကြည့်တိုက်အနီးတွင် ဖမ်းဆီးရမိခြင်းဟု ကြားသိရကြောင်း မောင်တောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...