မင်းပြား ရာမောင်တံတား တိုက်ပွဲကြောင့် ကားအစီးရေ သုံးရာကျော် သုံးရက်ကြာ ပိတ်မိနေ

မင်းပြား ရာမောင်တံတား တိုက်ပွဲကြောင့် ကားအစီးရေ သုံးရာကျော် သုံးရက်ကြာ ပိတ်မိနေ

ထွန်းခိုင် (တောင်ရင်းကျွန်း)   — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် ကားအစီးရေ ၃၀၀ ကျော် ပိတ်မိနေသည်ဟု ကစ္ဆပနဒီ ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

̏"ပိတ်ထားတာတော့ ဒီနေ့နဲ့ပါဆိုရင် သုံးရက်ရှိပြီ။ ကားအစီး အရေအတွက်ကတော့ ၃၀၀ လောက် ရှိတယ်။ ကျနော်လည်း မျက်မြင်တော့ မဟုတ်ဘူး။ ကားကတော့ ရာမောင်မြစ် ဟိုဖက်မှာ ၁၅၀၊ ဒီဖက်မှာ ၁၅၀ လောက် ရှိတယ်။ ကားမှာ ပါလာတဲ့ ခရီးသည်တွေကတော့ သူတို့ရဲ့ စားဝတ်နေရေးတွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့တော့ ဖြေရှင်းနေကြတယ်။ မြို့ထဲ တည်းခိုခန်းတွေမှာ တည်းနေတဲ့ လူတွေလည်း ရှိတယ်˝ဟု ပြောသည်။

ဆက်လက်၍ ၎င်းက 'ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့သွားတဲ့ ခရီးသည်တွေ၊ စီးပွားရေးကိစ္စနှင့် သွားတဲ့ ခရီးသည်တွေ အကုန်လုံးကို ချောချောမောမော မြန်မြန်ဆန်ဆန် ရောက်စေချင်တယ်'ဟုလည်း ပြောသည်။

ရာမောင်မြစ်အနောက်ဘက်ရောက် ခရီးသည် သုံးရာကျော်ခန့်ကို အမ်းသားရွာအနီး 7 waddy သောက်ရေသန့် စက်ရုံတွင် အမ်းသားရွာသူ ရွာသားများနှင့် 7 waddy သောက်ရေသန့် မိသားစုတို့က ထမင်းကျွေးမွေးထားကြောင်း သိရှိရသည်။

ယင်းသို့ ကားများ ပိတ်မိနေမှုနှင့်ပတ်သက်၍ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

မင်းပြားရာမောင် မြစ်ကူးတံတားအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်က တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက်၊ အကျအဆုံးများလည်း ရှိကြောင်း သိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...