မြောက်ဦး မောင်သာကုန်း ပစ်ခတ်မှု အရပ်သားတစ်ဦး သေနတ် ကျည်ထိ

မြောက်ဦး မောင်သာကုန်း ပစ်ခတ်မှု အရပ်သားတစ်ဦး သေနတ် ကျည်ထိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအုပ်စု မောင်သာကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၅ နံနက်အစောပိုင်း ညဉ့် ၃ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မောင်သာကုန်းကျေးရွာမှ အရပ်သားတစ်ဦး ကျည်ဆံ ထိမှန်ဒ ဏ်ရာရရှိသွားခဲ့သည်။

၎င်းအရပ်သားမှာ အသက် ၆၄ နှစ်အရွယ် ဦးမောင်သာစိန် ဖြစ်ပြီး ကျောကုန်းတွင် သေနတ် ကျည် ထိမှန်သွားခြင်း ဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာရဲ့အရှေ့ဘက် တာဝါတိုင်နားမှာ တပ်မတော်ရဲ့ ကားကို ရက္ခိုင့်တပ်တော် အေအေက RPG နဲ့ လှမ်းပစ်တယ်။ အဲသလို လှမ်းပစ်တော့ စစ်သားတွေက ကားပေါ်က ဆင်းပြီးတော့ ရွာဘက်ကို ပြန်ပစ်တယ်။ မောင်သာကုန်းရွာရဲ့အရှေ့ဘက် အဲဒီနေရာကို သူတို့ လှမ်းပစ်တယ်။ အဲလို လှမ်းပစ်တဲ့အတွက် စပါးရိတ်စက်ပိုင်ရှင်ပေါ့။ အဲဒီစက်ရုံထဲမှာ အိပ်နေတဲ့ ဦးမောင်သာစိန်ကို သွားထိတယ်။ ကျောကုန်းမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွဲတစ်ကောင်မှာလည်း ပေါင်မှာ ထိတယ်” ဟု မောင်သာကုန်းကျေးရွာသားတစ်ယောက်က ပြောသည်။

ပစ်ခတ်မှုမှာ  ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့လူကိုတော့ မြောက်ဦးဆေးရုံကို ပို့ထားပါတယ်။ အခု ကျည်ဆံကို ခွဲထုတ်နေတယ်လို့လည်း သိရပါတယ်”ဟု ပြောသည်။

ရွာဟောင်းတောကျေးရွာသည် မြောက်ဦးမြို့၏ အရှေ့ဘက် မြောက်ဦးနှင့် ပန်းမြောက်ဘက်ကို သွားသည့် လမ်းတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...