ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်၍ ပြင်းထန် ဒဏ်ရာ ရ

ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်၍ ပြင်းထန် ဒဏ်ရာ ရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းရရှိသည်။

တင်းမကြီးကျေးရွာမှ ဒေါ်ဦးကျော့စိန်(၅၂)နှစ်မှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီခန့်က တင်းမကျေးရွာအနီး ၎င်း၏သီးနှံခင်းတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိုသို့ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညာဘက် ခြေမျက်စိအောက်ကို ကြေမွသွားတယ်။ ခြေမျက်စိအောက်ကို ဖောက်ဝင်သွားတာ ပွင့်ထွက်သွားတယ်။ အခု အဲဒီလူနာက တင်းမကျေးလက်ကျန်းမာရေးဌာနမှာ ယာယီ ဆေးကုနေတယ်။ ကျန်းမာရေးမှူးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဏ်ရာတွေကို ကောင်းကောင်း မလုပ်နိုင်ဘူးထင်ပါတယ်။ ဘယ်လိုကျည်ကျတယ်ဆိုတာကို မသိဘူး။ လက်နက်ကြီးကျည် ကျတယ်လို့ပဲ ထင်တယ်”ဟု တင်းမကြီးကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် လက်နက်ကြီးကျည်မှာ ကျောက်တော်မြို့နယ် ခပေါ်ရွာအနီးမှ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် တင်းမကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ လူနာတင်ကားလည်း သွားဖို့အခက်ဖြစ်နေကြတယ်။ လောလောဆယ်ကတော့ အဲဒီမှာ အရေးပေါ် ကျန်းမာရေးလုပ်သားတွေနဲ့ဆေးကုသခံနေတယ်လို့ ကျွန်တော့်ကိုအဆက်အသွယ်လုပ်ပါတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းမှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...