မံစီတွင် လက်လုပ် လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး

မံစီတွင် လက်လုပ် လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်တွင် ကလေးများ ဆော့ကစားသော လေထိုးတံသေနတ်များကို ထပ်မံ သိမ်းဆည်းကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လေထိုးတံသေနတ်ပေါင်း ၁၅၆ လက်ကို မြို့နယ် စည်ပင်သာယာရေးအမှိုက်ကျင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြောင်း မံစီ ပြန်ဆက်ဌာန သတင်းတွင် ဖော်ပြထားသည်။ သေနတ်ကိုင်ဆောင်ခြင်းဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရန် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက် ၊ ကျေးရွားအုပ်ချုပ်ရေးအဖွဲ့များဖြင့် လိုက်လံသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မကြာသေးမီ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း လေထိုးတံသေနတ် ၃၄ လက်ကို ကလေးများရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...