မံစီတွင် လက်လုပ် လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး

မံစီတွင် လက်လုပ် လေထိုးတံသေနတ်များ ဒုတိယအကြိမ် ဖျက်ဆီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်တွင် ကလေးများ ဆော့ကစားသော လေထိုးတံသေနတ်များကို ထပ်မံ သိမ်းဆည်းကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လေထိုးတံသေနတ်ပေါင်း ၁၅၆ လက်ကို မြို့နယ် စည်ပင်သာယာရေးအမှိုက်ကျင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြောင်း မံစီ ပြန်ဆက်ဌာန သတင်းတွင် ဖော်ပြထားသည်။ သေနတ်ကိုင်ဆောင်ခြင်းဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရန် အုပ်ချုပ်ရေးဌာနမှ ရပ်ကွက် ၊ ကျေးရွားအုပ်ချုပ်ရေးအဖွဲ့များဖြင့် လိုက်လံသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မကြာသေးမီ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း လေထိုးတံသေနတ် ၃၄ လက်ကို ကလေးများရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...