ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်တို့ တွေ့ဆုံ

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်တို့ တွေ့ဆုံ
Photo: Mahn Soe
Photo: Mahn Soe

စောရှား — ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP နှင့် ဥရောပသမဂ္ဂ(EU)သံရုံးမှ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီလ ၂၈ ရက်တွင် ဖားအံမြို့၊ သီရိဖားအံဟိုတယ်၌ တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်များက ကရင်ပါတီများပေါင်းစည်းရေးအခြေအနေ၊ KNDP ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ ငြိမ်းချမ်းရေး၊ ကရင်ပြည်နယ်သို့ ပြည်တွင်းပြည်ပမှ လာရောက်သည့် ရင်းနှီးမြှုပ်နှံ မှုအခြေအနေ စသည်တို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌဖြစ်သူ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။

“EU ဖက်က အဓိကမေးတာ ၃၊ ၄ ချက်လောက်ရှိတယ်။ ပထမတစ် ချက်က ကရင်ပါတီများ ပေါင်းစည်းရေး အခြေအနေကို မေးတော့ ငါလည်း တိုင်းရင်းသားနယ်မြေက မဲဆန္ဒနယ်တွေမှာ တစ်ပါတီကို တစ်ယောက် တည်းပဲ ဝင်နိုင်ဖို့ အတတ်နိုင်ဆုံး လျှော့ပေါ့စဉ်းစား ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ပြောလိုက်တယ်”ဟု ၎င်းက  ဇန်နဝါရီလ ၂၈ ရက်တွင်  ပြောသည်။

ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP နှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီ -PSDP တို့ရှိသည့်အနက် KNDP တစ်ခုတည်းကိုသာ EU ကိုယ်စားလှယ်အဖွဲ့မှ သီးသန့်ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ဆွေးနွေးမှုအကြောင်းအရာများနှင့်ပတ်သက်၍ EU ဘက်မှ သဘောထားမှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိ ကြောင်းလည်း မန်းအောင်ပြည်စိုးက ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် KNDP မှ ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးအပါအဝင် အမျိုးသမီးတာဝန်ခံ နန်းစေးအွာ၊ အထွေထွေ အတွင်းရေးမှူး စောချစ်သန်း၊ အတွင်းရေးမှူး(၂)နော်သဇင်တုပ်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောမြရှင်တို့ ၅ ဦးတက် ရောက်ခဲ့ပြီး ဥရောပသမဂ္ဂ(EU)သံရုံး မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ဦး ဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် ၁၀ ဦး တို့ပါဝင်ကြောင်း သိရသည်။

EU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ပါတီများအပြင် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...