မြန်မာ - ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများမှ ဝင်ရောက်လာသော နိုင်ငံခြားသားများကို ကျန်းမာရေးစစ်ဆေး

မြန်မာ - ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများမှ ဝင်ရောက်လာသော နိုင်ငံခြားသားများကို ကျန်းမာရေးစစ်ဆေး

နေနော် — မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားများမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို Corona virus (ကိုရိုနာ ဗိုင်းရပ်စ်)နှင့်ပတ်သက်ပြီးဇန်နဝါရီ ၂၆ရက်မှစ၍ မြန် မာ-ထိုင်း နှစ်ဘက်စလုံးတွင် ကျန်းမာရေးစစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သော မြဝတီအမှတ် (၁)ချစ် ကြည်ရေး တံတား၊ အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ယခုဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်ကာ Corona Virus နှင့်ပတ်သက်၍ ခေတ်မီ စက်များဖြင့် အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်ထိ သံသယလူနာ တစ်စုံတစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကျန်မာရေးစစ်ဆေးမှုများ ဆောင်ရွက်နေသော သူနာပြု ဆရာမတစ်ဦးက “ဇန်နဝါရီလ ၂၆ ရက် နေ့လည် ၂ နာရီအချိန်ခန့်ထိ ရွှေကုက္ကို မြို့သစ် စီမံကိန်း မြဝတီမြို့မှာ သွားရောက်မယ့် တရုတ်နိုင်ငံသား ၅၈ ဦးနဲ့ အခြားနိုင်ငံသား ၁၄ ဦးတို့ကို ကျန်းမာရေးစစ်ဆေးခဲ့ပြီး အပူချိန် မြင့် တက်ပြီး သံသယရှိသူ တွေ့ရှိမယ်ဆိုရင် ကျန်းမာရေးဌာနကို ချက်ချင်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားများတွင် ယခုကဲ့သို့ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေသော် လည်း မြဝတီမြို့သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ တရားမဝင်လှေဆိပ်များမှာ ၂၀ ကျော်ရှိပြီး ထိုမှတဆင့် နိုင်ငံခြားသားများ ဝင်ရောက်လာမှုများ ရှိလာနိုင်သည့်အတွက် ဖြစ်နိုင်ပါက ထိုလှေဆိပ်များကိုပါ  တာဝန်ရှိ သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သင့်သည်ဟု  မြဝတီမြို့နေ ပြည်သူတစ်ဦးက သုံးသပ် သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်ပွားခဲ့သည့် Corona virus ရောဂါကို လက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင် လူပေါင်းနှစ်ထောင်နီးပါး ကူးစက်ခံရပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ  ၅၀ ကျော်ရှိပြီဟု နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားသည်။

မြဝတီ မြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှုမှာ ယခင်ထက်များပြားလာကာ နေ့စဉ်ရာနှင့်ချီ၍ရှိပြီး ရွှေကုက္ကို မြို့သစ်စီမံကိန်းတွင် လုပ်ကိုင်သူများရှိသလို မြဝတီမြို့တွင်လည်း စီးပွားရေးလာရောက် လုပ်ကိုင်သူများပြားလျက်ရှိသည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...