မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲခံရသူ (၁၃)ဦး စွဲချက်မတင်မီ လွတ်မြောက်

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲခံရသူ (၁၃)ဦး စွဲချက်မတင်မီ လွတ်မြောက်
ဓာတ်ပုံ - Arakan Human Rights Defenders and Promoters Association
ဓာတ်ပုံ - Arakan Human Rights Defenders and Promoters Association

ခင်သရဖီသီး - ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲချက်များဖြင့် (၁၀)လကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံနေရသူ (၁၃) ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက စွဲချက်မတင်မီ လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့အမှုနှင့်ပတ်သက်ပြီး တရားလိုနှင့်တရားလိုပြသက်သေများ၏ ထွက်ဆိုချက်အရ တရားစွဲဆိုထားသည့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် တစ်စုံတစ်ရာငြိစွန်းမှုမရှိသည့်အတွက် တရားရုံးက လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးထွန်းလှက ပြောသည်။

“အဲဒီချင်းလက်ဝရွာသားတွေကို စွဲချက်မတင်မီ တရားရှင်လွတ်တယ်ပေါ့နော်။ အဓိက တရားလိုရယ်၊ လိုပြသက်သေတွေရယ် ထွက်ဆိုချက်တွေက သူတို့စွဲထားတဲ့ ပုဒ်မတွေနဲ့မငြိဘူးပေါ့နော်။ အဲဒါကြောင့် သူတို့အမှုက အမှုမှားတယ်ပေါ့။ အဲဒါကြောင့် တရားရုံးက တရားရှင်လွတ်လိုက်တာပေါ့” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ရှင်းလက်ဝရွာသား (၂၁)ဦးမှာ ကျောက်တော်မြို့နေအိမ်တစ်ခုတွင် တည်းခိုနေစဉ် အိမ်ပိုင်ရှင်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ယင်းအနက် (၁၀)ဦးကို လွှတ်ပေးခဲ့ကာ အိမ်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦး အပါအဝင် (၁၃)ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို AA နှင့်ဆက်သွယ်မှု၊ ရိက္ခာထောက်ပံ့မှု စသည့်စွပ်စွဲချက်များဖြင့် ကျောက်တော်အခြေစိုက် ခမရ ၃၇၅ တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလိုပြုတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...